ISIS စစ်သွေးကြွတွေ ကို ချေမှုန်းတိုက်ခိုက်ဖို့ သြစတြေးလျတပ်ဖွဲ့ဝင် ၆၀၀ စေလွှတ်
အစွန်းရောက် အစ္စလာမ္မစ် ISIS စစ်သွေးကြွအဖွဲ့ ကို တိုက်ခိုက်ချေမှုန်းဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတကာ မဟာမိတ် ညွန့်ပေါင်းတပ်ဖွဲ့နဲ့အတူ သြစတြေးလျ တပ်ဖွဲ့ဝင် ၆၀၀ စေလွှတ်မယ်လို့ သြစတြေးလျ ၀န်ကြီးချုပ်က ကြေညာလိုက်ပါတယ်။ISISအဖွဲ့ထဲမှာ သြစတြေးလျနိုင်ငံသား ၁၀၀ ကျော် ပါဝင်တဲ့အတွက် ပြည်တွင်းအကြမ်းဖက် တိုက်ခိုက် ခံရမှုအန္တရာယ်ကြိုတင်ကာကွယ်ထားတဲ့အနေနဲ့ သြစတြေးလျှ အစိုးရက လုံခြုံရေးတိုးမြင့် တပ်လှန့်ထား ပါတယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ ဒီ ISIS စစ်သွေးကြွ အဖွဲ့လူသတ်အဖွဲ့ဟာ အီရတ်က လူတွေလောက် ကိုပဲ၊ အရှေ့အလယ်ပိုင်းဒေသက လူတွေလောက်ကိုပဲ ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ သြစတြေးလျ အပါ အဝင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတာပါ” သြစတြေးလျ ၀န်ကြီးချုပ် Tony Abbott က ပြောပါတယ်။
ISIS စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ချေမှုန်းနိုင်ရေး အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာမဟာမိတ် ညွန့်ပေါင်းတပ်ဖွဲ့တို့နဲ ပူးပေါင်းဆောင်ရွက်ဖို့ သြစတြေးလျ လေကြောင်းဆိုင်ရာအမှုထမ်း ၄၀၀ နဲ့ စစ်ဘက်အမှုထမ်း၂၀၀ ခန့် စေလွတ်မယ်လို့လည်း ကြေညာလိုက်ပါတယ်။
သြစတြေးလျ အနေဖြင့် တိုက်ပွဲဝင်တပ်ဖွဲ့များ စေလွှတ်ရုံသာ မဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှု ကူညီကာကွယ်ဖို့ နိုင်ငံတကာအားထုတ်မှုမှာ ပါဝင်လိုတာဖြစ်တယ်လို့ ဆိုပါတယ်။
အာရပ် ၁၀ နိုင်ငံတို့ကလည်း ISIS စစ်သွေးကြွအဖွဲ့ တိုက်ခိုက်ချေမှုန်းဖို့ အမေရိကန်နဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့တို့နဲ့ ပူးပေါင်းဖို့ သဘောတူထားပါတယ်။
အီရတ်မြောက်ပိုင်းမှာ ISIS စစ်သွေးကြွအဖွဲ့ကို လေကြောင်းထိုးစစ်ဆင်နွှဲနေတဲ့ အမေရိကန်ကို ပြင်သစ် စစ်လေယာဉ်တွေက စတင် အထောက်အပံ့ကူညီပေးနေပါတယ်။


0 မှတ်ချက်များ for "ISIS စစ်သွေးကြွတွေ ကို ချေမှုန်းတိုက်ခိုက်ဖို့ သြစတြေးလျတပ်ဖွဲ့ဝင် ၆၀၀ စေလွှတ်"