အစိုးရလက်နက်ကိုင် တပ်ဖွဲ့က တိုင်းရင်းသား ကလေးငယ်တဦးကို ပစ်သတ်
တိုင်းရင်းသားနယ်မြေဒေသမှာ ရောက်ရှိ လာတဲ့ မြန်မာ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့က ပစ်သတ်လို့ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ဟိုကျန့် အုပ်စုရှိ လွယ်ငွင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၆ အရွယ် တိုင်းရင်းသားကလေးငယ်တဦး သေဆုံး သွားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့မှာ မာတီး (ခ) ဘရန်နန် ဟာ မိသားစုရဲ့ ယာခင်းထဲမှာ အလုပ်လုပ်နေစဉ် မြန်မာ စစ်သားက လာရောက် ပစ်သတ်ခဲ့တယ်လို့ ၀မ်းဗိုက်မှာ ကျည်ဆန် ထိမှန်ပြီး သေးဆုံးတာဖြစ်တယ်လို့ ဖခင်ဖြစ်သူ ဦးနော်ဘောက်က ပြောပါတယ်။
မာတီး (ခ) ဘရန်နန်ဟာ အသက် ၁၆ နှစ်အရွယ်သာရှိသော်လည်း မိသားစုထဲမှာ အားကိုးရတဲ့သူ ဖြစ် တယ်လို့ ပြောပြီး ပစ်သတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ပေးစေချင်တယ်လို့ မိခင်ဖြစ် သူ ပြောပါတယ်။
အခုလိုမျိုး ဖြစ်ရပ်တွေကြောင့် ရွာသားတွေ တောင်ယာမသွားရဲ တော့ဘဲ ကြောက်ရွံ့ ထိတ်လန့်နေကြရ တယ်လို့ ရွာသားတဦးက ပြောပါတယ်။
ဇွန် ၁၅ ရက်နေ့တုန်းကလည်း မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ စစ်ကြောင်းတခုက ကွတ်ခိုင်မြို့ နယ်
မော်ဟန်ကျေးရွာအုပ်စု နမ့်ဟွေးနောင်စံကျေးရွာက လူနေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာသူရွာသားတွေကို သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ် တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။


0 မှတ်ချက်များ for "အစိုးရလက်နက်ကိုင် တပ်ဖွဲ့က တိုင်းရင်းသား ကလေးငယ်တဦးကို ပစ်သတ်"