မြေငလျင်လှုပ်ခါတာကြောင့် တရုတ်မှာ သေဆုံးသူ ၄၀၀ ကျော်ရှိသွားပြီ

တနင်္ဂနွေနေ့ နေ့လည်က အင်အားပြင်းတဲ့ မြေငလျင် လှုပ်ခါတာကြောင့် တရုတ်နိုင်ငံ အနောက်တောင် ပိုင်း ယူနန်ပြည်နယ်မှာ သေဆုံးသူ ၄၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁,၈၀၀ ကျော်ရှိပြီး အများအပြား ပျောက် ဆုံးနေဆဲဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေးလုပ်သား စစ်သား၊ ရဲတွေ၊ မီးသတ် တွေဟာ အသက်ရှင်ကျန်ရစ်သူတွေ ကို အဆောက်အဦး အပြိုအပျက်တွေအောက်မှာ လိုက်လံရှာဖွေနေ ကြပါ တယ်။

ဒီငလျင်ဒဏ်ကြောင့် အိမ်ခြေ ရှစ်သောင်း ပြိုကျခဲ့ရပြီး တခြားအဆောက်အဦးပေါင်း ၁၂၀,၀၀၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ တရုတ်အစိုးရပိုင် Xinhua သတင်းမှာ ဖော်ပြပါတယ်။

ငလျင်ဘေးသင့်တဲ့သူတွေအတွက် တရုတ်အစိုးရက နောက်ထပ် ကယ်ဆယ်ရေးလုပ်သား ၁၈,၀၀၀ ပို့ပေး မှာဖြစ်သလို ယာယီတဲအိမ်တွေ၊ ရေ၊ အစားအစာနဲ့အတူ တခြားလိုအပ်တဲ့ ကယ်ဆယ်ရေး အကူအညီတွေ ကိုလည်း ပို့ပေးနိုင်ဖို့ ကြိမ်းပမ်းနေပါတယ်။

မြေပြိုမှုနဲ့ လမ်းပမ်းပျက်စီးမှုတွေကြောင့် တောင်တန်းဒေသ ဝေးလံခေါင်ဖျားနေရာတွေအတွက် ကယ်ဆယ် ကူညီရေးနဲ့ အကူညီပစ္စည်းတွေ ရောက်ဖို့ ခက်ခဲနေတယ်လို့  တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

လောင်တူရှန်း (Longtoushan) ကျေးရွာကလေးနားမှာ ဗဟိုပြုတဲ့ငလျင်ဟာ ပြင်းအားအဆင့် ၆.၁ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန ကပြောပါတယ်။

ဒီငလျင်ဟာ နှစ်ပေါင်း ၁၄ နှစ်အတွင်း ယူနန်ဒေသမှာ အင်အားအပြင်းဆုံး ရိုက်ခတ်တဲ့ ငလျင်ဖြစ်တယ်လို့ တရုတ်အစိုးရ CCTV က ကြေညာပါတယ်။

၂၀၁၂ ခုနှစ်က ယူနန်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၈၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

0 မှတ်ချက်များ for "မြေငလျင်လှုပ်ခါတာကြောင့် တရုတ်မှာ သေဆုံးသူ ၄၀၀ ကျော်ရှိသွားပြီ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++