ပြည်တွင်းနိုင်ငံရေး အင်အားစုနဲ့ UNFC ထိုင်း-မြန်မာ နယ်စပ်မှာ တွေ့ဆုံ
![]() |
| ဓါတ်ပုံ - မန်းမျိုးမြင့် |
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဖက်ဒရယ်စနစ် ပေါ် ထွန်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူ လူထု ပိုမိုပါဝင်လာဖို့အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်တွင်း နိုင်ငံရေး အင်အား စုတွေက ဇူလိုင် ၃ ရက်မှ ၄ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မှာ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲမှာ တိုင်ရင်းသားပြည်သူတရပ်လုံး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြည်သူလူထု ပါဝင်မှု ပိုမို
မြှင့်တင်ဆောင်ရွက်ရေး၊ လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပ
ဆက်စပ်ဆောင်ရွက်သွားရေး အတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အစိုးရဆွေးနွေးတဲ့အခါမှာ ကျနော်တို့ချည်းပဲ လုပ်လို့ မရဘူး။ ကျနော်တို့
ရပ်တည်ချက်၊ စဉ်းစားချက်တွေကို အခြားအင်အားစုတွေ လက်ခံသဘောပေါက်ဖို့လည်း
လိုပါတယ်။ ဒီတွေ့ဆုံကနေရတဲ့ ရလဒ်တွေ အများကြီး အကျိုးရှိတယ်လို့ UNFC ပြောရေးဆိုခွင့် ဗိုလ်မှူး ခွန်ဥက္ကာကပြောသည်။
ဒီလိုတွေ့ ဆုံမှုတွေကနေတဆင့် အကြောင်းပြုပြီး
ဒီထက်ကျယ်ပြန့်တဲ့ တွေ့ဆုံမှုမျိုးအတွက်ကို ကျနော်တို့
ရည်ရွယ်ပါတယ်”၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီးက ပြောသည်။
တွေ့ဆုံ ဆွေးနွေးပွဲတွင် UNFC ခေါင်းဆောင်များ၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းရင်းသားရေးရာကော်မတီ NLD(LA)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့ (UNA)၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ
ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ၊ တသီးပုဂ္ဂလအဖြစ် နော်အုန်းလှ အပါအ၀င် ကိုယ်စားလှယ် ၄၂ ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ၊ တသီးပုဂ္ဂလအဖြစ် နော်အုန်းလှ အပါအ၀င် ကိုယ်စားလှယ် ၄၂ ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အားလုံးပါဝင်သည့်
ပြည်ထောင်စုညီလာခံတစ်ရပ် ကျင်းပရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့်အတူ
ဒီမို ကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက်
ကြိုးပမ်းသွားရန်
နှင့် ရှေ့ဆက် နိုင်ငံရေးဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးပွဲ၏ ထုတ်ပြန်ကျေညာ ချက်တွင် ဖော်ပြထားသလို မကြာမီ ကျင်းပတ်တော့မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အစည်း အဝေးကို ထောက်ခံကြောင်း၊ ယင်းအစည်း အဝေးတွင် တိကျသည့် ဆုံးဖြတ်ချက် ထွက်ပေါ်လာရန် မျှော် လင့်ကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များ ညီညွှတ်မှုကို အခြေခံ၍ တစ်ပြည်လုံး အပစ်ရပ်ရေး ဆုံးဖြတ် ကြရန် အကြံပြုကြောင်း ထုတ်ပြန်ကျေညာချက်တွင် ဖော်ပြထားပါသည်။

UNFCနှင့် ပြည်တွင်း ဒီမိုကရေစီ အင်အားစုတို့၏ ထိုင်း-မြန်မာနယ်စပ်မှာ ပထမအကြိမ်တွေ့ဆုံဆွေးနွေး မှုဖြစ်ပြီး
အလားတူ တွေ့ဆုံဆွေးနွေးနိုင်ရန်လည်း ကြိုးပမ်းသွားကြမည်ဟု သိရသည်။

0 မှတ်ချက်များ for "ပြည်တွင်းနိုင်ငံရေး အင်အားစုနဲ့ UNFC ထိုင်း-မြန်မာ နယ်စပ်မှာ တွေ့ဆုံ "