ပါလက်စတိုင်းအပေါ် အစ္စရေးတွေရဲ့ လုပ်ရပ် အမေရိကန် ရှုံ့ချ
အရှေ့ဂျေရူဆလင်မှာ ပြန်ပေးဆွဲခံရပြီး အသတ်ခံ ခဲ့ရတဲ့ ပါလက်စတိုင်း လူငယ်လေးနဲ့ ညီဝမ်း ကွဲ တော်စပ်သူကို အစ္စရေး ရဲ ၂ ဦးက ထိုးကြိတ် ကန်ကျောက်နေတာကို ဖော်ပြတဲ့ဗီဒီယို မှတ်တမ်း တခုကို အစ္စရေး ရဲတွေက စမ်းစစ်နေပြီ ဖြစ်ပါတယ်။
သတ်ဖြတ် ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေး အာဏာပိုင်တွေက သံသယရှိသူ ဂျူးလူမျိုး အတော် များများကို ဖမ်းဆီးထားပြီ ဖြစ်ပါတယ်။

အဲဒီ့ ၁၅ နှစ်သားအရွယ် တာရစ်ဂ် ခါဒီယာကို ကြာသပတေးနေ့က မိုဟာမက် ခါဒီယာအသုဘ အခမ်း အနားအပြီး မကြာခင်မှာပဲ အစ္စရေး ရဲတွေက ရိုက်နှက်ဖမ်းဆီးခဲ့တာဆိုပြီး သူ့ရဲ့ မိသားစုက ပြောပါတယ်။
အဓိကရုဏ်းအတွင်း ဖမ်းဆီးထားတဲ့ ဆန္ဒပြသမား ၆ ဦးရှိတယ်လို့ အစ္စရေး ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ်ကီရိုဇဲန်ဖီးလ်ဒ်က ပြောပါတယ်။
အခုလို အစ္စရေးရဲတွေရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရတယ်ဆိုတဲ့သတင်းအပေါ် အလွန်စိုးရိမ်ကြောင်း၊ အင်အားအလွန်အကျွံ အသုံးပြုတဲ့ လုပ်ရပ်အပေါ် ရှုံ့ချကြောင်း၊ ဒီအရေးအတွက် စုံစမ်း စစ်ဆေးမှု ကို မြန်မြန် ဆန်ဆန် လုပ်ပေးဖို့ အခုဆိုအမေရိကန်က တောင်းဆိုလိုက်ပါတယ်။

0 မှတ်ချက်များ for "ပါလက်စတိုင်းအပေါ် အစ္စရေးတွေရဲ့ လုပ်ရပ် အမေရိကန် ရှုံ့ချ"