ကရင်တပ်မတော် နဲ့ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့ ကြား တိုက်ပွဲ ဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး  KNU ထိန်းချုပ် နယ်မြေထဲမှာ ကျူးကျောင် ၀င်ရောက်လာတဲ့ တပ်ဖွဲ့ အင်အား ၃၀ ခန့်ရှိ မြန်မာအစိုးရလက်နက်ကိုင် တပ်ဖွဲ့ နှင့် နယ်မြေခံ KNU တပ်မဟာ( ၅) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တို့က  ဇွန်လ ၂၆ရက်နေ့ မှာ  ပစ်ခတ်မှုဖြစ်ပွားရာ ထိခိုက်သေဆုံးမှု ရှိခဲ့ ကြောင်း သိရသည်။

သူတို့က ကျနော်တို့ထိန်းချုပ်နယ်မြေအတွင်းမှာ သွားလာလှုပ်ရှားနေတာ အကြိမ်ပေါင်း မနည်းတော့ဘူး ဆိုတော့ ဇွန်လ ၁၆ရက်နေ့တုန်းကလည်း တစ်ခါဝင်လာသေးတယ်။ အခုဖြစ်တာကလည်း နယ် မြေကို ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ဒီလိုပစ်ခတ်မှုဖြစ်ပွားတာပါ”ဟု KNLA တပ်မဟာ( ၅) ခရိုင်ရုံး တာဝန် ရှိသူ တစ်ဦးက ပြောသည်။

KNLA တပ်မဟာ( ၅) တပ်ရင်း (၁၀၂)၊ ခွဲ(၃)လှုပ်ရှားနယ်မြေရှိ တပ်ဖွဲ့ဝင်များနှင့် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် အခြေစိုက် အစိုးရ ဘက်မှ တပ်မ ၄၄၊ ခမရ(၈)တပ်ဖွဲ့ဝင်များက ကေအဲန်ယူထိန်းချုပ်နယ်မြေ ပိုမာဟဲရွာ အနီးတွင် ဆယ်မိနစ်ခန့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး မြန်မာအစိုးရလက်နက်ကိုင် တပ်သား တစ်ယောက် သေးဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မထိခိုက်နိုင်သော်လည်း နှစ်ဖက်အောက်ခြေ တပ်ဖွဲ့ ၀င်များအနေဖြင့် ငြိမ်းချမ်းရေးအကျိုးကို မျှော်ကိုး၍ လိုက်နာရမဲ့ စည်းမျဉ်းအတိုင်း လိုက်နာသွားပေးဖို့နဲ့ အလာတူ အဖြစ်မျိုး ထပ်မဖြစ်ပွားဖို့ ကရင်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး  ဗိုလ်မှူးကြီးအောင်လွင် က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ KNU ဘိတ်-ထား ၀ယ်ခရိုင် လက်အောက်ခံ  KNLA ၏ ဟွေး ဖာ့ နယ်စပ်စခန်းကို မြန်မာအစိုးရလက်နက်ကိုင်တပ်ဖွဲ့ က ဇွန်လ ၁၃ရက်နှင့် ၁၄ရက်နေ့မှာ  ၀င်ရောက် ပစ်ခတ်ရာ KNLA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။

0 မှတ်ချက်များ for "ကရင်တပ်မတော် နဲ့ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့ ကြား တိုက်ပွဲ ဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++