အစ္စရေးဆယ်ကျော်သက် လူငယ် ၃ ဉီး သတ်ဖြတ်ခံရ

ဂါဇာမြစ် အနောက်ဖက်ခြမ်းမှာ ဇွန်လ ၁၂ ရက်နေ့ က အစ္စရေးနိုင်ငံသား ဆယ်ကျော်သက် ပျောက်ဆုံး ခဲ့တဲ့ လူငယ် ၃ ဉီးရဲ့ အလောင်းကို ဂျော်ဒန်မြစ် အနောက်ဘက် ကမ်းဒေသမှာ တနင်္လာနေ့က
တွေ့ရှိခဲ့အပြီး အစ္စရေးလုံခြုံရေး ကက်ဘိနက် အစည်းအဝေး ဒုတိယအကြိမ်အဖြစ် ခေါ်ယူ ကျင်းပခဲ့ပါတယ်။

အစ္စရေးနိုင်ငံသား ဆယ်ကျော်သက် လူငယ် တချို့ ပျောက်ဆုံးခဲ့ပြီးနောက် အစ္စရေးနဲ့ ပါလက် စတိုင်းကြားမှာ အခြေနေတွေ တင်းမာ လာခဲ့ပါတယ်။

အဲဒီလူငယ်တွေကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သူတွေကို မရ ရအောင် ရှာဖွေ ဖော်ထုတ်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ညာမင် နက်တာညာဟုက ကက်ဘိနက် အစည်းအဝေးခန်းထဲ မဝင်ခင်မှာ အခိုင်အမာ ပြော သွားပါတယ်။

ဟားမာ့စ် အဖွဲ့က ဒီကိစ္စရဲ့လက်သည်တရားခံလို့ စွပ်စွဲလိုက်ပြီး ဟားမာ့စ် အဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက် မယ် လို့လည်း ဆိုပါတယ်။

သေဆုံးသွားတဲ့ လူငယ်လေးတွေရဲ့ အလောင်းကို အစ္စရေးနိုင်ငံအလယ်ပိုင်းမှာ မြုပ်နှံခဲ့ရာမှာ မစ္စတာ နက်တာညာဟုနဲ့ အစ္စရေးသမ္မတ ရှီမွန် ပဲရက်စ် အပါအဝင် အစ္စရေးလူမျိုးထောင်ပေါင်းများစွာ တက်ရောက် ခဲ့ကြပါတယ်။

0 မှတ်ချက်များ for "အစ္စရေးဆယ်ကျော်သက် လူငယ် ၃ ဉီး သတ်ဖြတ်ခံရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++