ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရသော်လည်း အမေရိကန်အသင်း၏ အားထုတ်မှုကို သမ္မတအိုဘားမား ဂုဏ်ပြု

ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ရှုံးနိမ့်ထွက်ခွာ ခဲ့သော်လည်း အကောင်းဆုံး ကစားခဲ့သည့် အမေရိကန် အသင်းကို သမ္မတဘာရတ် အိုဘားမားက ဂုဏ်ပြုခဲ့ကြောင်း သိရသည်။ အမေရိကန်သည် ဘယ်လ်ဂျီယံကို အချိန်ပိုတွင် (၂-၁)ဖြင့် အရေးနိမ့်ပြီး ကမ္ဘာ့ဖလား (၁၆)သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာ ခဲ့ရသော်လည်း အမေရိကန် တစ်နိုင်ငံလုံးက မိမိတို့၏ လက်ရွေးစင် အသင်း လုပ်ဆောင်နိုင်ခဲ့ သမျှ အတွက် ဂုဏ်ယူ အားပေး ခဲ့ကြသည်။

ဇူလိုင်လ (၂)ရက်နေ့က အိမ်ဖြူတော်၏ သတင်းပြန်ကြားရေး ဌာနက အမေရိကန်၏ ဝါရင့် ကစားသမားကြီး
နှ နှစ်ဦးဖြစ်သောကွင်းလယ်လူ ကလင့်ဒမ့်ဆေးနှင့် ဂိုးသမား တင်ဟောင်းဝပ်တို့ အပါအဝင် အသင်းသား များကို သမ္မတ က ဂုဏ်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ အိမ်ဖြူတော်၏ Facebook စာမျက်နှာတွင်လည်း သမ္မတက အမေရိကန် အသင်းထံ ဖုန်းခေါ်ပြီး “ငါ့လူတို့ရေ။ မင်းတို့က ငါတို့အားလုံး ဂုဏ်ယူ ရလောက်အောင် စွမ်းဆောင်ပြခဲ့တယ် ဆိုတာကို ပြောချင်လို့ ဖုန်းခေါ်လိုက် တာပါ”ဟု အစချီပြီး ချီးကျူး ဂုဏ်ပြုစကား
ပြောဆိုနေသော ဗီဒီယိုကို လွှင့်တင်ထား ခဲ့သည်။

ဘယ်လ်ဂျီယံနှင့် ပွဲတွင် အထူးတလည် လက်စွမ်းပြပြီး ပြိုင်ဘက်၏ ဂိုးသွင်းရန် အားထုတ်မှု (၁၅)ကြိမ်ကို စွမ်းစွမ်းတမံ ကာကွယ်ခဲ့သည့် ဂိုးသမား ဟောင်းဝပ်ကို ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ်ကလည်း သီးခြားဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောခဲ့သည်။ ဟောင်းဝပ်သည် ကာကွယ်မှုများ ကောင်းမွန်လွန်းသဖြင့်
ဟေဂယ်လ်၏ ကာကွယ်ရေး ဝန်ကြီး နေရာကို ရယူသင့်သူ အဖြစ် အမေရိကန် ပရိသတ်များက ချစ်စနိုး ချီးကျူးပြောဆိုခြင်း ခံနေရသူ ဖြစ်သည်။

သမ္မတ အိုဘားမားသည် အမေရိကန်နှင့် ဘယ်လ်ဂျီယံပွဲကို အိမ်ဖြူတော် ဝန်ထမ်းများနှင့်အတူ TVမှတစ်ဆင့် စောင့်ကြည့်ပြီး အူလှိုက်သည်းလှိုက် အားပေးခဲ့သေးကြောင်းလည်း သိရှိ ရသည်။______ကမ္ဘာ့ဖလားသတင်းများ

0 မှတ်ချက်များ for "ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရသော်လည်း အမေရိကန်အသင်း၏ အားထုတ်မှုကို သမ္မတအိုဘားမား ဂုဏ်ပြု "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++