ၾသစေၾတးလ် ခ်န္ပီယံေ၀ၚရင္ကာ၏ ထူးခြားမှတ်တမ်း
သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲကို ယမန်နေ့က ယှဉ်ပြိုင်ကစား ခဲ့ရာ ဆွစ်ဇာလန် တင်းနစ်သမား ဝေါ်ရင်ကာက ကမ္ဘာ့အဆင့်(၁) စပိန်တင်းနစ်သမား နာဒယ်ကို ၆-၃၊ ၆-၂၊ ၃-၆၊ ၆-၃ဖြင့် အနိုင်ရခဲ့သည်။ ၂၀၁၄ ခုနှစ် တင်းနစ်ရာသီ၏ ပထမဆုံး ဂရင်း စလင်းပြိုင်ပွဲဖြစ်သည့် သြစတြေးလျအိုးပင်းတွင် ချန်ပီယံဖြစ်ခဲ့ခြင်းမှာ ဝေါ်ရင်ကာအတွက် ပထမဆုံးဂရင်းစလင်း ဆုဖလားဖြစ်လာခဲ့သည်။ ချန်ပီယံဖြစ်ခဲ့သည့် ဝေါ်ရင်ကာ၏ သြစတြေးလျ အိုးပင်းတွင် ထူးခြားမှတ်တမ်းများ ကို ဖော်ပြလိုက် ပါသည်။
၂၀၀၁ ခုနှစ်က အသက် ၂၉နှစ်အရွယ်တွင် ပထမဆုံး ဂရင်းစလင်း ချန်ပီယံဖလား ဆွတ်ခူးနိုင်ခဲ့သည့် အိုင်ဗန်နီဆီဗစ်ပြီးနောက် ဂရင်းစလင်းဖလား ပထမဆုံးအကြိမ် ရယူနိုင်သည့် အသက်အကြီးဆုံး ကစားသမားဖြစ်လာ။
ပရော်ဖက်ရှင်နယ် တင်းနစ်အဖွဲ့အစည်း အဆင့်သတ်မှတ်ချက်တွင် အဆင့်(၈)မှ အဆင့်(၃)နေရာ ရောက်ရှိ လာခဲ့ပြီး ဆွစ်ဇာလန်တွင် နံပါတ်(၁)တင်းနစ်သမား ဖြစ်လာခဲ့။
၂၀၀၂ ခုနှစ်က ကမ္ဘာ့အဆင့်(၁၈) ဂျိုဟန်ဆန် ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့အဆင့်(၄)အတွင်း မ၀င်ဘဲ သြစတြေးလျအိုးပင်း ဗိုလ်စွဲသည့် ပထမဆုံး ကစားသမားဖြစ်နေ။
ဂရင်းစလင်းပြိုင်ပွဲ ၁၆ပွဲတွင် အဆင့်(၄)အတွင်းဝင်သော ကစားသမားများသာ ဗိုလ်စွဲခဲ့သည့် မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်။
ဂရင်းစလင်းပြိုင်ပွဲတစ်ရပ်အတွင်း ဂျိုကိုဗစ်နှင့် နာဒယ်တို့ နှစ်ဦးစလုံးကို အနိုင်ရသည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်။
၁၉၈၀တွင် သြစတြေးလျအိုးပင်းကို ဘရိုင်ယန်တီချာ ဗိုလ်စွဲခဲ့ပြီးနောက် နိုင်ခြေအဆင့်(၈) ကစားသမား တစ်ဦး ပထမဆုံး ဗိုလ်စွခြင်းဖြစ်လာ။
ပြိုင်ပွဲတစ်ရပ်အတွင်း ကမ္ဘာ့အဆင့်(၁၀)အတွင်းဝင်သော ကစားသမား(၃)ဦး (နာဒယ်၊ ဂျိုကိုဗစ်၊ ဘာဒစ်ခ်ျ) ကို အနိုင်ရသည့် ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်။
ဂရင်းစလင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲများတွင် ချန်ပီယံဖြစ်ဖူးသည့် ဆွစ်ဇာလန်တင်းနစ်သမားအဖြစ် ဖက်ဒါရာနှင့်အတူ ပူးတွဲမှတ်တမ်းဝင်။
ဂျိုကိုဗစ်ကို (၃)ကြိမ်၊ ဖက်ဒါရာကို (၂)ကြိမ် ရှုံးခဲ့သည့် ကစားသမားတစ်ဦး ဂရင်းစလင်း ပြိုင်ပွဲဗိုလ်လုပွဲတွင် နာဒယ်နှင့် တတိယအကြိမ် တွေ့ဆုံရာ၌ ပထမဆုံးအကြိမ် အနိုင်ရခဲ့ခြင်းဖြစ်နေ။______ရိုးရာလေး

0 မှတ်ချက်များ for "သြစတြေးလျ ချန်ပီယံဝေါ်ရင်ကာ၏ ထူးခြားမှတ်တမ်း "