လစ်ဗျားနိုင်ငံမှာ သူပုန်အချင်းချင်း တိုက်ခိုက်

အဏာရှင် ကဒါဖီကို ဖြုတ်ချခဲ့ တဲ့နောက် ရေနံမြေတွေနဲ့ လေဆိပ်
တွေကို ထိန်းချုပ်ရေးအတွက် လစ်ဗျားသူပုန်တွေ အချင်းချင်းအင်အားပြိုင် တိုက်ခိုက်နေကြပါတယ်။ 

ထရီပိုလီလေဆိပ်ကို ထိန်းချုပ်နိုင်ရေး သူပုန်တွေ အချင်းချင်း လေယာဉ်ပျံ  ဒုံးကျည်တွေ၊ ရုရှားလုပ် ဂရတ်ဒုံးကျည်တွေနဲ့  အပြန်အလှန်ပစ်ခတ်ခဲ့ကြ၍ ၇ ဦးသေ လေဆိပ်မှာ ရပ်နားထားတဲ့လေယာဉ်တွေ ၉၀ ရာခိုင်နှုန်းလောက်က ပျက်စီးကုန်တယ်လို့ လစ်ဗျားအစိုးရ ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။

လစ်ဗျားအစိုးရကတော့ အပစ်အခတ်ရပ်စဲကြဖို့ အမိန့်ထုတ်ထားပြီး မလိုက်နာသူတွေကို အရေးယူမယ် လို့  ပြောပါတယ်။ 

လေကြောင်းထိန်းသိမ်းရေးမျှော်စင်၊ ဆီတိုင်ကီတွေ၊ ကားတွေနဲ့ လေ ဆိပ် အကောက်ခွန်ဌာနတွေလည်း ပျက်စီးကုန်ပြီး လေဆိပ်ကိုလည်း ပိတ်ထားလိုက်တယ်လို့ ပြောပါတယ်။ 

လုံခြုံရေးအခြေအနေဆိုးဝါးနေတာကြောင့် ကုလသမဂ္ဂလုပ်ငန်းများ ရပ်ဆိုင်းနေရတယ်လို့ လစ်ဗျားနိုင်ငံ
ရောက် ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

လစ်ဗျားအာဏာရှင်ကဒါဖီကို ဖြုတ်ချခဲ့ပြီး ၃ နှစ်ကျော်လာခဲ့ပေမယ့်လည်း လစ်ဗျားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဟာ တိုးတက်ပြောင်လဲမှု မရှိဘဲ အကွဲကွဲအပြားပြားဖြစ်နေပါတယ်။

0 မှတ်ချက်များ for "လစ်ဗျားနိုင်ငံမှာ သူပုန်အချင်းချင်း တိုက်ခိုက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++