ဥရောပအရှေ့ပိုင်းလုံခြုံရေး အင်အားဖြည့်ရေး NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ယူကရိန်းကို ကူညီပေးရေးကတိပေး
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဇွန် ၃ ရက်နေ့က ကျင်းပတဲ့ NATO ကွယ်ရေးဝန်ကြီးများ အစည်း အဝေးမှာ ဥရောပအရှေ့ပိုင်းလုံခြုံရေး အင်အား
ဖြည့်ရေး ဆွေးနွေးခဲ့ကြပြီး နိုင်ငံတွင်း လက်နက်ကိုင် ခွဲထွက်ရေးသမားတွေကို နှိမ်နှင်းဖို့နှင့် ပြုပြင်ပြောင်း လဲရေးလုပ်ဖို့အတွက် ယူကရိန်းသမ္မတသစ်ကို ပံ့ပိုးမယ်လို့ အတ္တလန်တစ် မြောက်ပိုင်းနိုင်ငံများ အဖွဲ့ (NATO) အတွင်းရေးမှူး ဗိုလ်ချုပ် အန်ဒရေ ဖို့ခ်ျရဲ့စ်မတ်ဆန်က ကတိပေးပြောကြား လိုက်ပါတယ်။
ဖြည့်ရေး ဆွေးနွေးခဲ့ကြပြီး နိုင်ငံတွင်း လက်နက်ကိုင် ခွဲထွက်ရေးသမားတွေကို နှိမ်နှင်းဖို့နှင့် ပြုပြင်ပြောင်း လဲရေးလုပ်ဖို့အတွက် ယူကရိန်းသမ္မတသစ်ကို ပံ့ပိုးမယ်လို့ အတ္တလန်တစ် မြောက်ပိုင်းနိုင်ငံများ အဖွဲ့ (NATO) အတွင်းရေးမှူး ဗိုလ်ချုပ် အန်ဒရေ ဖို့ခ်ျရဲ့စ်မတ်ဆန်က ကတိပေးပြောကြား လိုက်ပါတယ်။
ယူကရိန်းရဲ့ ကရိုင်းမီးယားဒေသကို ကျူးကျော်မှုအတွင်း ရုရှားက သုံးတဲ့ဗျူဟာတွေကို ဆန့်ကျင်နိုင်စွမ်း တိုးလာစေဖို့နဲ့ အရှေ့ပိုင်းကာကွယ်ရေး မြှင့်တင်ဖို့ လိုအပ်ချက် ရေရှည်ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။
အမေရိကန်က သူရဲ့တပ်တွေ ဥရောပကို ပိုလွှတ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁ ထောင်တန် စီမံကိန်းကို ဖွင့်ပြခဲ့ပါတယ်။
ပိုလန်နိုင်ငံကလည်း နေတိုးရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်မှာ နေတိုးတပ်ကို သူမြေပေါ်မှာ အမြဲတမ်း အခြေချ
နေစေချင်ပါတယ်။
နေစေချင်ပါတယ်။
ရုရှားကတော့ အရှေ့ဥရောပမှာ အမြဲတမ်းအခြေစိုက်တပ်ချရင် နေတိုးနဲ့ ရုရှား
၁၉၉၇ သဘောတူညီချက်ကို ချိုးဖောက်ရာကျမယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ ရန်လိုမှုအပေါ် နေတိုးတပ်ရဲ့ လိုအပ်တဲ့အချက်နဲ့ ကုန်ကျ စရိတ်တွေကို မေးခွန်းထုတ်ရင်း အချို့က တွန့်ဆုတ်နေပါတယ်။ နေတိုးသံတမန် အများစုကတော့ အရှေ့ဥရောပနိုင်ငံတွေမှာ နေတိုးတပ် အင်အားဖြည့်ရေး ရုရှားရဲ့ ခွင့်ပြုရလောက်အောင် ပြတ်သားတဲ့လုပ်ဆောင်ချက်များ ဆွေးနွေး ဆုံးဖြတ်ကြဖို့
ပြောပါတယ်။
ပြောပါတယ်။
ဥရောပအရှေ့ပိုင်း
လုံခြုံရေးအားဖြည့်ရေးနှင့် ရေရှည်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တွေချမှတ်မှတ်ရေး လာမယ့် စက်တင်ဘာလမှာ နေတိုး
ထိပ်သီးညီလာခံကျင်းပဖို့ နေတိုး မဟာမိတ်အဖွဲ့ဝင် ၂၈ နို်င်ငံ ၀န်ကြီးတွေက သဘောတူခဲ့ကြပါတယ်။
ယူကရိန်း ပြုပြင်ပြောင်းလဲရေးအတွက် ရေရှည်လုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်အသေးစိတ်တွေကို လာမယ့်အပတ်အတွင်းမှာ အပြီးသတ်လုပ်ဆောင်မယ်လို့
အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ရဲ့စ်မတ်ဆန်က ပြောပါတယ်။


0 မှတ်ချက်များ for "ဥရောပအရှေ့ပိုင်းလုံခြုံရေး အင်အားဖြည့်ရေး NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ယူကရိန်းကို ကူညီပေးရေးကတိပေး"