ထိုင်းစစ်တပ်ကို Facebook ပေါ်ကနေ စိန်ခေါ် တဲ့ ရှပ်နီခေါင်းဆောင် ဖမ်းဆီးခံရ

ထိုင်းအာဏာပိုင်ကို Facebook ပေါ်ကနေ စိန်ခေါ် တဲ့ ရှပ်နီဆန္ဒပြခေါင်းဆောင် စုမ်ဘတ်ဘွန်းငမ်အနုမ်းကို ထိုင်းစစ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
စုမ်ဘတ်ဘွန်းငမ်အနုမ်းဟာ အာဏာပိုင်တွေဆီ သွားရောက်အဖမ်းခံဖို့ ငြင်းခဲ့ပြီး သူ့ကို ဖမ်းနိုင်ရင် ဖမ်းပါလို့ Facebookကနေ စိန်ခေါ်ခဲ့တာ ဖြစ် ပါတယ်။ 

အင်တာနက်ပေါ်မှာ သူရေးတင်တဲ့ သတင်းတွေနေ ထိုင်းစစ်အာဏာပိုင်တွေက ခြေရာခံမိပြီး လုံခြုံရေးတပ်ဖွဲ့တွေက သူ့ရဲ့ နေအိမ်ကို ဝင်ရောက် ရှာဖွေတဲ့ အချိန်မှာ စုမ်ဘတ်ငမ်အနုမ်းကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
စုမ်ဘတ်ငမ်အနုမ်းက လွန်ခဲ့တဲ့ နှစ်ပတ်က အာဏာသိမ်းခဲ့တဲ့ စစ်အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတစ်ခု လုပ်ဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "ထိုင်းစစ်တပ်ကို Facebook ပေါ်ကနေ စိန်ခေါ် တဲ့ ရှပ်နီခေါင်းဆောင် ဖမ်းဆီးခံရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++