တရုတ်စစ်အသုံးစရိတ် တစ်နှစ် ဒေါ်လာ ၁၄၅ ဘီလျံရှိဟု ပင်တဂွန် စစ်ဌာနချုပ် ပြော

တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ် ကာကွယ်ရေး အသုံး စရိတ်ဟာ အမေရိကန် ဒေါ်လာ ၁၄၅ ဘီလျံ ရှိတယ် လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြော ပါတယ်။

ဒီငွေပမာဏဟာ တရုတ် နိုင်ငံက တရားဝင် ဖော်ပြ တဲ့ ပမာဏထက် အဆ ၂၀ ကျော် ပိုများနေတာ ဖြစ် ပါတယ်။

ဒါဟာ တရုတ်နိုင်ငံရဲ့ ရေတပ်နဲ့ လေတပ် ခေတ်မီ ဖို့အပြင် ဆိုင်ဘာ စစ်ပွဲ တိုက်ခိုက်နိုင်စွမ်းရည်တို့ အတွက် ရင်းနှီးမြုပ်နှံမှုတွေကို ထင်ဟပ်စေတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောကြောင်း အမေရိကန်ကွန်ဂရက်က နှစ်စဉ် ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

ဘေဂျင်း မြို့တော်မှာရှိတဲ့ ကာကွယ်ရေးဌာနကတော့ ဒါတွေဟာ တရုတ်ရဲ့ စစ်ရေး ခြိမ်းခြောက်မှုကို ချဲ့ကားထားတဲ့ အဓိပ္ပာယ်မရှိ ပြောဆိုမှုတွေ ဖြစ်တယ် ဆိုပြီး ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ တရုတ်အစိုးရက ကာကွယ်ရေး အသုံးစရိတ် ၁၂ ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ကြေညာ ခဲ့ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "တရုတ်စစ်အသုံးစရိတ် တစ်နှစ် ဒေါ်လာ ၁၄၅ ဘီလျံရှိဟု ပင်တဂွန် စစ်ဌာနချုပ် ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++