တိုက်ပွဲကြောင့် ပလောင် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နယ်ချဲ့ကျူးကျော် လာတဲ့ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ယနေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရတဲ့
ဒေသခံ ၂၀၀၀ နီးပါး ရှိကြောင်း သိရသည်။
ဒေသခံ ၂၀၀၀ နီးပါး ရှိကြောင်း သိရသည်။
တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ဒေသခံ များသည် အဆိုပါအရပ်တွင် ဒုက္ခသည်စခန်း မရှိသဖြင့် နမ့်ခမ်းမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးများထံ ခိုလှုံနေရသည်ဟု ဒေသခံတွေက ပြောသည်။
ယနေ့တွင် အင်အား ၃၀၀ ခန့် ရှိသော အစိုးရလက်နက်ကိုင်တပ်ဖွဲ့ တပ်မ (၈၈)က ကျောက်မဲမြို့နယ်မှာ လှုပ်ရှားနေသော ပလောင်(တအာင်း)
တပ်မတော် ဗျူဟာ (၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၇၁၇)အား လိုက်လံ တိုက်ခိုက်ရာမှ ပန်ကပျံ ကျေးရွာအနီးတွင် နှစ်ဘက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
TNLA ထိန်းချုပ်ရာနယ်မြေ ဖြစ်သည့် ကွတ်ခိုင် မြို့နယ်၊ မန်တုံ ၊ နမ့်ခမ်းမြို့၊ နမ့်ဆန်မြို့ နှင့် သီပေါမြို့နယ် များတွင် မြန်မာအစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေက နယ်ချဲ့ ကျူးကျော်လာတာကြောင့် တိုက်ပွဲများ ဖြစ် ပွားခဲ့ရခြင်းဖြစ်ကြောင်း TNLA ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က အခုလို ပြောသည်။
“အစိုးရတပ်က ကျနော်တို့ကို အပြတ် ချေမှုန်းဖို့ လုပ်နေတာ။ တိုက်ပွဲကတော့ ထပ်ရှိဦးမှာပါ။ အခုရက်ပိုင်း တိုက်ပွဲတွေက ပြင်းထန်းတော့ ရွာထဲကို လက်နက်တွေ ကျတယ်။ ရွာသားတွေကိုတော့ မထိဘူး။ ရွာသားတွေလည်း ရွာမှာ မနေရဲတော့ လုံခြုံတဲ့ နေရာကို ခိုလှုံရတယ်”ဟု ဆိုသည်။
အစိုးရစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်များကို အပြင်းအထန် တိုက်ခိုက်နေမည်ဆိုပါက ပြည် တွင်းစစ် ရပ်ဆိုင်းရန် အလွန်ဝေးကွာမည် ဖြစ်သည်ဟုလည်း ပြောသည်။
TNLAသည် မြန်မာအစိုးရနှင့် ၂၀၁၃ ခုနစ် ဇူလိုင်လ ၃၁ ရက်က မူဆယ်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
တကြိမ်သာ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ထပ်မံတွေ့ဆုံမှု မရှိကြောင်း သိရသည်။
တကြိမ်သာ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ထပ်မံတွေ့ဆုံမှု မရှိကြောင်း သိရသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း ၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၊ စကခ ၁၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နှင့် တပ်မ ၅၅ အပါအ၀င် စုစုပေါင်း တပ်ရင်း ၄၇ ခုက TNLA နှင့် KIA တို့ အခြေချ နေထိုင်ရာ ဒေသတွင်မှာ ကျူးကျော်နယ်ချဲ့ နယ်မြေ စိုးမိုးရေး ဆောင် ရွက်နေကြောင်း TNLA ပြန်ကြားရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


0 မှတ်ချက်များ for "တိုက်ပွဲကြောင့် ပလောင် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ"