စစ်မှုထမ်းဥပဒေကြောင့် တောင်ကိုရီးယားလူငယ်များ စိတ်ဖိစီမှုရှိနေကြောင်း ပညာရှင်ထောက်ပြ

တောင်ကိုရီးယား၏ စစ်မှုမထမ်းမနေရ စနစ်ကြောင့် လူငယ်များ စိတ်ဖိမှု ရှိနေသည်ဟု တပ်ကြပ်ကြီး တစ်ဦးက လုပ်ဖော်ကိုင်ဖက် စစ်သား(၅)ဦးအား ပစ်သတ်သွားသည့် ဖြစ်ရပ်ကို အကြောင်း ခံပြီး တောင်းကိုးရီးယား စိတ်ပညာဆိုင်ရာ အကြံပေး ပညာရှင်က ထောက်ပြလိုက်ပါတယ်။

လင်မ်ဟုသာ အမည်ဖော်ပြသည့် အသက်(၂၂)နှစ်အရွယ် တောင်ကိုးရီးယားတပ်ကြပ်ကြီးက ဇွန်လ (၂၁)ရက်မှာ သေနတ်ဖြင့် ရမ်းကားပစ်ခတ်လိုက်လိုက် တပ်သား (၅)ဦးသေ၊ (၇)ဦး ဒဏ်ရာရခဲ့ပြီး ၎င်းကို ဇွန်လ (၂၃)ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

လင်မ်၏ လုပ်ရပ်နှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ စေ့ဆော်သည့် အဓိက အကြောင်းရင်းကို မသိ ရသေးသော်လည်း စစ်ဘက်နှင့် နီးစပ်သူများက လင်မ်သည် စစ်မှုထမ်း ဘဝတွင် မပျော်ပိုက်ဘဲ စိတ်ဓာတ်ရေးရာ ပြဿနာများ ရှိနေခဲ့ဟန်တူကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ 

တောင်ကိုရီးယားတွင် ကျန်းမာသန်စွမ်းသော အမျိုးသားတိုင်း အသက်(၁၈)နှစ်နှင့် (၃၅)နှစ်ကြားတွင် (၂)နှစ်ကြာ မဖြစ်မနေ စစ်မှုထမ်းရန် ဥပဒေ ပြဋ္ဌာန်းထားရာ ငယ်ရွယ်သော၊ အတွေ့အကြုံ နုနယ်သော လူသစ်တန်း စစ်သားလေးများ အနေဖြင့် ယင်းအခြေအနေတွင် စိတ်ပိုင်းဆိုင်ရာ ဖိအားများ ကြုံ လာရနိုင်ကြောင်း Pyeongtaek တက္ကသိုလ်မှ စိတ်ပညာဆိုင်ရာ အကြံပေး ပါမောက္ခ ချာမြောင်ဟိုက ပြောကြားလိုက်ပါတယ်။ 

တောင်ကိုရီးယား စစ်တပ်သည် စစ်သားများ၏ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကို မြှင့်တင် လာခဲ့သော်လည်း လူသစ်တန်း စစ်သားလေးများအတွက် လုံလောက်မှု မရှိနိုင်ကြောင်းလည်း ဆိုသည်။ “စစ်တပ်က ကုသမှု အစီအမံတွေကို အဆင့်မြှင့်လိုက်ပေမယ့် ဝါရင့်စစ်မှုထမ်းတွေ အတွက်ပဲ ပိုပြီး သက်ရောက်မှုရှိတယ်။ လူသစ်တန်း စစ်သားလေးတွေ အတွက်တော့ ရုန်းကန်ရတဲ့ အခက်အခဲတွေ ရှိနေတုန်းပဲ”ဟုလည်း ချာက မှတ်ချက်ပြုပါတယ်။ 

တောင်ကိုရီးယားသည် (၁၉၅၀)ပြည့်နှစ်၊ ကိုရီးယားကျွန်းဆွယ် စစ်ပွဲ စတင်ပြီးကတည်းက အိမ်နီးချင်း
မြောက်ကိုရီးယားနှင့် တရားဝင် စစ်ပြေငြိမ်းမှု မရှိသေးရာ တစ်နည်းအားဖြင့် နှစ်နိုင်ငံကြား စစ်ဖြစ်နေဆဲ အခြေအနေတွင်သာ ရှိနေပြီး  တောင်ကိုရီးယား အစိုးရက အရွယ်ရောက်သည့် အမျိုးသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။

_Ref: Channelnewsasia

0 မှတ်ချက်များ for "စစ်မှုထမ်းဥပဒေကြောင့် တောင်ကိုရီးယားလူငယ်များ စိတ်ဖိစီမှုရှိနေကြောင်း ပညာရှင်ထောက်ပြ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++