ပါကစ္စတန် ကရာချီလေဆိပ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး ၂၃ ဦး သေးဆုံး

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ ဂျင်နဟ် အပြည်ပြည်ဆိုင် ရာ လေဆိပ်ကို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီး  အကြမ်းဖက်သမား ၁၀ ယောက်အပါအ၀င် အနည်း ဆုံး ၂၃ ဦး သေးဆုံးသွားခဲ့သလို့ လေဆိပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

VIP တွေအသုံးပြုတဲ့ လေဆိပ်ခန်းမကို လက်နက် ကြီးတွေကိုင်ဆောင်ပြီး ၀င်ရောက်တိုက်ခိုက်တဲ့
သေနတ်သမား ၇ ဦးကိုလည်း ဖမ်းမိထားပြီလို့  ပါကစ္စတန် အထူးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

လေဆိပ်အတွင်းက ခရီးသည်တွေအားလုံးကို ဘေးကင်းရာကို ကယ်ထုတ်သွားနိုင်ခဲ့ပြီး လေယာဉ်အတက် အဆင်းတွေကိုလည်း ရပ်ဆိုင်းထားပြီလို့ သက်ဆိုင်ရာအရာရှိတွေက ပြောပါတယ်။
 

ကရာချိလေဆိပ်က Jinnah နားနေဆောင်ကို သောင်းကျန်းသူတွေက လက်ပစ်ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး အထဲကို ၀င်နိုင်ဖို့ ကြိုးစားခဲ့ကြတာလို့ ဆိုပါတယ်။

 သေနတ်သမားတွေအနေနဲ့ အသေခံတိုက်ခိုက်နေပုံရပြီး သူတို့ ဘယ်အဖွဲ့ကလည်း ၊ ဘာကြောင့် အခုလို တိုက်ခိုက်သလဲဆိုတာကို အတိအကျ မသိနိုင်ဘူး ဖြစ်နေတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။
 

ဒီအကြမ်းဖက် တိုက်ခိုက်မှုကို ပါကစ္စတန် ၀န်ကြီးချုပ် Nawaz Sharif က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

0 မှတ်ချက်များ for "ပါကစ္စတန် ကရာချီလေဆိပ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး ၂၃ ဦး သေးဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++