တိုင်းရင်းသားတပ်ဖွဲ့ - ခေါင်းဆောင်များ ဇူလိုင်တတိယပတ် တွင် တွေ့ဆုံမည်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် ရေးဆွဲ
နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး တပ်ဖွဲ့ခေါင်းဆောင်များ၏ တတိယ ကြိမ်မြောက် တွေ့ဆုံပွဲကို ဇူလိုင် တတိယပတ်ထဲ ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဌာနချုပ် လိုင်ဇာတွင် ပြုလုပ်မည်ဟု သိရသည်။

အဆိုပါ ညီလာခံတွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းနှင့် ပတ်သက်ပြီး မြန်မာ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ဆွေးနွေးချက် များထဲမှ အဆင်မပြေသည့် အချက်များကို ယခုကျင်းပမည့် တွေ့ ဆုံပွဲတွင် ဆွေးနွေးကြမည်ဟု သိရသည်။ 

ဒေသခံတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ KIA, TNLA, SSPP/SSA, MNDA တို့ ထိန်းချုပ်နယ်မြေထဲတွင်  မြန်မာအစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့ တပ်မ ၈၈ ဦးဆောင် တပ်ဖွဲ့တွေက ကျူးကျော်နယ်ချဲ့လာနေတာကြောင့် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။
မြန်မာအစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့တွေက ဒေသခံတိုင်းရင်းသား ရွာသားတွေကို ပြန်ပေးဆွဲပြီး တိုက်ပွဲတွင် ဒိုင်းအဖြစ် အသုံးပြုမှုများလုပ်နေကြောင်း  ဒေသခံတွေထံမှ သိရသည်။ 

‘‘ကျွန်တော်က ကြောက်နေတယ်။ ကျွန်တော်တို့ကို ရှေ့ကနေ အတင်းလျှောက် ခိုင်းတယ်’’ ‘‘မြန်မာ စစ်တပ်က ဗိုလ်ကြီးက ပြောတယ်၊ တိုက်ပွဲစရင် မင်းတို့ အရင်ဆုံးသေမှာ ပဲတဲ့’’ ဟု ဧပြီလတွင် ပြန်ပေး ဆွဲခံရကနေ ထွက်ပြေးလွှတ်မြောက်လာတဲ့ ကချင်တိုင်းရင်းသား အသက် (၅၅)နှစ်ရှိ ဦးဂမ် (အမည်ပြောင်း) က ပြောသည်။ 

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်များတို့သည် မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် လိုင်ဇာ၌ ပထမဦးဆုံး အကြိမ် တွေ့ဆုံခဲ့သလို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလဆန်းတွင် KNU ထိန်း ချုပ်နယ် မြေလော်ခီးလာ၌ ဒုတိယအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြသည်။ 

0 မှတ်ချက်များ for "တိုင်းရင်းသားတပ်ဖွဲ့ - ခေါင်းဆောင်များ ဇူလိုင်တတိယပတ် တွင် တွေ့ဆုံမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++