ကရင်အိမ်ခြေ ၈ဝဝ နီးပါးကို KNU ဆိုလာမီး တပ်ဆင်ပေးမည်

ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ကရင်ပြည်နယ်အတွင်းရှိ အိမ်ခြေ ၈ဝဝနီးပါးကို ဆိုလာမီး တပ်ဆင်ပေးသွားမည်ဟု တပ်မဟာ (၇) စီးပွားရေး တာဝန်ခံ စောမိုးစက်က ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့၊ ဘားအံ၊ ကော့ကရိတ်၊
မြဝတီမြို့နယ်များတွင် ဆိုလာမီးတပ်ဆင်ပေးသွား မည်ဖြစ်သည်။

အစိုးရက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ချပေး ထားသည့်ငွေကို အသုံးပြုကာ တစ်အိမ်လျှင် ၂ သိန်းနှုန်းဖြင့် သိန်း ၁၅၆ဝကို အသုံးပြုသွား မည်ဖြစ်ပြီး မေလအကုန်တွင် အပြီးသတ် တပ်ဆင်ပေးသွားမည်ဖြစ်သည်။

“တန်ဖိုးနည်းအိမ်ယာ လုပ်ထားပြီး မီးမရသေးတဲ့အတွက် ကျွန်တော်တို့ကဦးစီးပြီး တပ်ဆင်ပေးတာဖြစ် ပါတယ်။ တပ်ဆင်ပေးမှာကတော့ တစ်အိမ်ချင်းစနစ်ဖြစ်ပါတယ်။ ကရင်အိမ်တွေက တစ်အိမ်နဲ့တစ်အိမ်ဝေး ပါတယ်။ ဒါကြောင့် တအိမ်ချင်းစနစ်နဲ့ ဆင်ပါမယ်။” ဟုပြောသည်။

KNU နှင့် မြန်မာအစိုးရတို့သည် ၂ဝ၁၂ ခုနှစ် ဧပြီလအတွင်းက ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အပစ်အခတ် ရပ်ဆဲပြီးနောက်တွင် ရပ်တည်နိုင်ရန် တရားဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားသည်ဟု အစိုးရကလည်း ပြောကြားထားဖူးသည်။___မဇ္စိုမ

0 မှတ်ချက်များ for "ကရင်အိမ်ခြေ ၈ဝဝ နီးပါးကို KNU ဆိုလာမီး တပ်ဆင်ပေးမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++