တိုက်ပွဲအရှိန် - လျော့နိုင်ရေး KIO ကမ်းလှမ်းချက် စစ်အစိုးရလက်ခံ
ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲများ ပြင်းထန်းစွာ ပြန်လည်ဖြစ်ပွားနေ တာကြောင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ စစ်အစိုးရကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ကမ်းလှမ်းမှု စစ်အစိုးရက လက်ခံတယ်လို့ သိရပါတယ်။
တိုက်ပွဲအရှိန်လျော့ချနိုင်ရေး မေလ ၁၀ ရက်နောက် ပိုင်း မြစ်ကြီးနား မှာ နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က KIO ကမ်းလှမ်းစာ ပို့ပေးခဲ့စားကို ပြည်ထောင်စုငြိမ်းချမ်းရေ ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ
ဦးအောင်မင်းက မေလ ၁ ရက်နေ့မှာ အကြောင်းပြန်ပါတယ်။ တွေ့ဆုံမည့်
ရက်အတိအကျကိုမူ နှစ်ဘက် ပြန်လည် ညှိနှိုင်းရဦးမည် ဟု ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။
"စစ်အစိုးရနှင့်တွေ့ဆုံရန် KIO ရဲ့ ကမ်းလှမ်းချက်ကို ဒီနေ့ ပို့လိုက်ပါတယ်။ သူတို့ကလည်း ၁၀ ရက်နေ့ဆိုပြီး အဆိုပြုတယ်။ ကျွန်တော်တို့ဘက်ကလည်း အဆိုတခု ပြန်ပြုထားတယ်။ ရက်ကတော့ သူတို့နဲ့ ကျွန်တော်တို့ ညှိလို့ရတဲ့ရက်ကိုပဲ အတည်ပြုနိုင်မှာပါ။ အဆိုပြုတဲ့စာပြန်ပို့တယ်ဆိုတာပဲ ပြောနိုင်ပါတယ်”
မြစ်ကြီးနားတွင် တွေ့ဆုံမည့် ဆွေးနွေးပွဲမှာ လေ့လာသူအဖြစ် ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဗီယား၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ Mr Wang Yingfan အပါအ၀င် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေကို KIO က ဖိတ်ကြားထားသည်။
ဧပြီလဆန်းပိုင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ ကေအိုင်အိုနဲ့ တပ်မတော်အဖွဲ့တွေ နှစ် ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည် သောင်းဂဏန်း လောက် အထိရှိတယ်လို့ သိရပါတယ်။

0 မှတ်ချက်များ for "တိုက်ပွဲအရှိန် - လျော့နိုင်ရေး KIO ကမ်းလှမ်းချက် စစ်အစိုးရလက်ခံ"