ဗင်နီဇွဲလားအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် လုံခြုံရေးအရာရှိ တဦးသေဆုံး

ဗင်နီဇွဲလားနိုင်ငံမှာ မေ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဗင်နီဇွဲလား လုံခြုံရေးအရာရှိတဦးသေဆုံးခဲ့တယ်လို့ ဗင်နီဇွဲလားအစိုးရက ဆိုပါတယ်။

ဆန္ဒပြသူတွေ စုဝေးနေတဲ့နေရာကို ဗင်နီဇွဲလား လုံခြုံရေးတွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲ ခဲ့ပြီး ဆန္ဒပြသူတွေကလည်း လေးခွတွေနဲ့ အပြန် အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

ဆန္ဒပြသူ ရာနဲ့ချီ အဖမ်းခံခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း ရဲလုံခြုံရေး ၃ ဦး ဆန္ဒပြသူတွေရဲ့
ချောင်းမြောင်းပစ်ခံရတဲ့အတွက် အသက် ၂၄ နှစ်အရွယ် ရဲလုံခြုံရေး ၁ ဦးဟာ ရရှိတဲ့ ဒဏ်ရာနဲ့ သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ နစ်ကိုလပ် မာဒူရိုက သေဆုံးသွားတဲ့ ရဲအရာရှိ ကောလီနားတိုဗားကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှုကို အကြောင်းပြပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ဖေဖော်ဝါရီလ ကတည်းက ဖြစ်ပွားနေပြီး လုံခြုံရေးအရာရှိတွေနဲ့ ဆန္ဒပြသူတွေပါ စုစုပေါင်း အယောက် ၄၀ ကျော် သေဆုံး ခဲ့ပြီး အယောက် ၈၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။

သမ္မတ မာဒူရိုကတော့ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်ခံရတဲ့အစိုးရကို ဖြတ်လမ်းနည်းနဲ့ အာဏာသိမ်းဖို့ ကြိုးစားနေတယ်လို့ အတိုက်အခံတွေနဲ့ ဆန္ဒပြသူတွေကို ပြန်ပြီး စွပ်စွဲထားပါတယ်။___ဒီဗွီဘီ

0 မှတ်ချက်များ for "ဗင်နီဇွဲလားအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် လုံခြုံရေးအရာရှိ တဦးသေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++