ဘာစီလိုနာက လာလီဂါ ချန်ပီယံဆုကို ရနိုင်သေးတယ်လို့ မက်ဆီ ပြော

ဘာစီလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီက ဒီရာသီ လာလီဂါ ချန်ပီယံဆုကို သူတို့အသင်း ရနိုင်သေး တယ်လို့ ကြာသပတေးနေ့က ကျင်းပတဲ့ အူရီဒူး ကုမ္ပဏီနဲ့ သူ့ဖောင်ဒေးရှင်းတို့ အကျိုးတူ ပူးပေါင်း
ဆောင်ရွက်တဲ့ အခမ်းအနားမှာ ပြောပါတယ်။ 

မက်ဆီ ဖောင်ဒေးရှင်းဟာ အရှေ့အလယ်ပိုင်း၊
မြောက်အာဖရိက နဲ့ တောင်အာရှ ဒေသတွေက ကလေးသူငယ် (၂)သန်းကျော်ကို ဆေးဝါးစောင့်
ရှောက်မှု ပေးနေတဲ့ အဖွဲ့အစည်းပါ။ အခုသူ့ဖောင်
ဒေးရှင်းနဲ့အတူ ကာတာဆက်သွယ်ရေး ကုမ္ပဏီ အူရီ ဒူးကလည်း ပါဝင်ကူညီ ထောက်ပံမှာ ဖြစ် ပါတယ်။ 

အဲဒီနေ့က အခမ်းအနားမှာ မက်ဆီက ’’ကျွန်တော်တို့ အသင်းဟာ လာလီဂါချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ဒါကိုလက်လွှတ်ခံလို့ မရပါဘူး။ လာလီဂါ ချန်ပီယံဖြစ်ဖို့က အရမ်းအရေးပါပါတယ်။ ဒီဆုဟာ တစ်ရာသီလုံး ကြိုးစားမှ ရနိုင်တဲ့ဆုမျိုးပါ’’လို့ ပြောပါတယ်။ 

တစ်ဆက်တည်းမှာပဲ သူ့အနေနဲ့ စာချုပ်သစ် ချုပ်ဖို့ထက် ပွဲအပေါ်သာ ပိုအာရုံစိုက် ထားတယ်လို့လည်း မက်ဆီက ပြောသွားပါတယ်။

0 မှတ်ချက်များ for "ဘာစီလိုနာက လာလီဂါ ချန်ပီယံဆုကို ရနိုင်သေးတယ်လို့ မက်ဆီ ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++