မြန်မာ-အင်ဒိုနီးရှား ဗီဇာ ကင်းလွတ်ခွင့် ယခုမေလအတွင်း စတင်မည်

အာဆီယံဒေသတွင်း နိုင်ငံများ ပေါင်းစည်းဗီဇာ (Single Visa) အစီအစဉ် မစတင်မီ မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ကို ယခုလ (မေလ) အတွင်း စတင်နိုင်မည်ဟု သိရသည်။

ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ကို အင်ဒိုနီးရှားနိုင်ငံ ဘက်က ယခု သီတင်းပတ်အတွင်း စတင်ရန် လျာ ထားသော်လည်း မြန်မာနိုင်ငံ ဘက်ကမူ မေလ အ တွင်း စတင်ဖို့ပြေားထားခဲ့တာဖြစ်ကြောင်း သမ္မတ ပြောရေးဆိုခွင့် ဦးရဲထွဋ်က  ပြောကြားသည်။

အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့ကြား ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှုစာချုပ်ကို မေလ ၁၀ ရက်နေ့ အာဆီ ယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရာ နေပြည်တော်ရှိ MICC ခန်းမ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အင်ဒိုနီးရှား ခရီးသွားလာရေးနှင့် စီးပွားရေးအကြံပေး ဝန်ကြီးက ယခုနှစ်ဆန်းပိုင်းကတည်းက မြန်မာနှင့် ဗီဇာကင်းလွတ် အစီအစဉ်ကို အပြီးသတ် ရေးဆွဲထားကြောင်း ထုတ်ဖော် ပြောကြားထားသည်။

အာဆီယံ ပေါင်းစည်းရေး ဗီဇာအတွက်မူ မြန်မာအာဆီယံ ဥက္ကဋ္ဌ သက်တမ်း ၂၀၁၄ ခုနှစ်အတွင်း အကောင် အထည်ဖော်ရန် အခက်အခဲများ ရှိနေသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများအတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီ
လေဆိပ် ဆိုက်ရောက်ဗီဇာ ကင်းလွတ်ခွင့်ကို ၂၀၁၃ ခုနှစ် ဝန်းကျင်ကတည်းက ခွင့်ပြု ထားပြီး ဖြစ်သည်။


မြန်မာနိုင်ငံသည် ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့နှင့် ဗီဇာကင်းလွတ်ခွင့် သဘောတူ စာချုပ်များ ရေးထိုးထားပြီး မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့နှင့်လည်း ဆက်လက် ဆွေးနွေးနေဆဲ ဟု သိရှိရသည်။ 

0 မှတ်ချက်များ for "မြန်မာ-အင်ဒိုနီးရှား ဗီဇာ ကင်းလွတ်ခွင့် ယခုမေလအတွင်း စတင်မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++