စစ်ရေးအရ ဖိအားပေးလျှင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးမည် မဟုတ်ဟု KIA ပြော

စစ်ရေးအရဖိအားပေးလျှင် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း အမေရိကန်
ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသား မိသားစု
တွေနဲ့  တွေ့ဆုံစဉ် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က   ကြားလိုက်သည်။

တစ်ဖက်နဲ့တစ်ဖက် တွန်းအားပေးတဲ့ ဖိအားပေးတဲ့ သဘောမျိုး တွေ့ရပါတယ်။ ထိုးစစ်ကို နည်းနည်း လုပ်လိုက်ရင်တော့ တအောင်းအဖွဲ့နဲ့ KIO ဘက်က အလွယ် တကူများ လက်မှတ်ရေးထိုးမလားဆိုတဲ့ အပိုင်းတွေလည်း ပါပါတယ်။ ဒါကြောင့်အခုနက ကျွန်တော်ပြောတာ ကျွန်တော်တို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) အတွက် ကြိုးစားနေတဲ့ အချိန်အခါမှာ ဒီလိုမလုပ်ပါနဲ့။ စစ်ရေးအရ ဖိအားပေးရင် ကျွန်တော်တို့က လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့
ပြောရတဲ့ အနေအထားဖြစ် ပါတယ်’’လို့ ဆိုသည်။

သဘောတူညီချက်တွေ ခိုင်မာစေဖို့ ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို လက်ရှိငြိမ်းချမ်း
ရေးဖြစ်စဉ်မှာ အသိသက်သေအနေနဲ့ ပါဝင်စေချင်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ရိုက်တာ သတင်းဌာန အား ဧပြီ ၂၁ ရက်ကပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဖိတ်ကြားမှုနဲ့ အမေရိကန်နိုင်ငံရောက်ရှိခဲ့တဲ့ ဗိုလ်ချုပ်ဂွန်မော်က ကုလအဖွဲ့နှင့် အမေရိကန်အစိုးရ အကြီးတန်းအရာရှိများကို တွေ့ ဆုံခဲ့ပြီး အမေရိကန်ပြည်ထောင်စု
ရောက် ကချင်တိုင်းရင်းသား မိသားစုတွေနဲ့ လည်း တွေ့ဆုံခဲ့သည်။

ဧပြီလအတွင်းက နယ်ချဲ့ကျူးကျော်လာတဲ့ မြန်မာအစိုးရတပ်နှင့် ဒေသခံ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ် ပွားနေ၍ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန် ပြန်လည် သုံးသပ်ဖို့  KIA ကိုယ်စားလှယ်များ ပါဝင်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အရေးပေါ်  တွေ့ဆုံဖို့ ပြင်ဆင်နေသည်။

0 မှတ်ချက်များ for "စစ်ရေးအရ ဖိအားပေးလျှင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးမည် မဟုတ်ဟု KIA ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++