ကျူးကျော်နယ်ချဲ့ တဲ့ ဗမာတပ်မတော်နဲ့ တအန်းတပ်မတော် တိုက်ပွဲဆက်ဖြစ်
တအန်း ပလောင်ဒေသ နမ့်ခမ်းမြို့ နယ်မှာ ကျူးကျော် တပ်စခန်းသစ် တည်ဆောက်တဲ့ မြန်မာ့တပ် မတော်ကို ယနေ့ ဧပြီ ၂၃ ရက်နေ့ နံနက် ၀၅း၃၀ နာရီ ချိန်ခန့်မှာ ဒေသခံတအန်းတပ်မတော် တပ်ရင်း ၁၁၂ တပ်ဖွဲ့က ၀င်ရောက်ပစ်ခတ်လို့ နှစ် ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရသည်။
နမ့်ခမ်းမြို့အနီး ဆာလူအုပ်စု ငေါ့ခိုက် (ကြူးဆိုင်း) ရွာအောက် နမ့်ခမ်း-နမ့်ဖတ်ကာ ကားလမ်းပေါ်မှာ လည်း နေ့လည် ၁၀း၃၀ နာရီအချိန်ခန့်တွင်လည်း ပန်ဆေး ကုန်းဒေသ ကနေ နမ့်ခမ်းမြို့ဖက်သို့ စစ်ကြောင်း ထိုးလာတဲ့ စကခ ၁၆ နှင့် တအန်းတပ်မတော် တပ်ရင်း (၄၇၈) တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြသည်။
တအန်းတပ်မတော်မှ ပစ်လိုက်သည့် RPG မော်ဆူကာလက်နက်ကြီး ၄ လုံးမှာ မြန်မာတပ်ဖွဲ့များနှင့် မြန်မာ စစ်ကြောင်း၏ယာဉ်ကို ထိမှန်ပြီး မြန်မာဖက်မှ အနဲဆုံး ၁၀ ဦးကျဆုံးပြီး အများအပြားထိခိုက် ဒါဏ်ရရှိ ခဲ့ကြ သည်။
တအန်းတပ်ရင်း ၄၇၈ ၏ အာပီဂျီကျည်သည် မြန်မာစစ်တပ်ဖွဲ့အရာရှိငယ်များစီးနင်းလာသည့် ဖိုးဝီးကား
နှစ်စီးကို ထိမှန်ကာ တစီးမှာ လမ်းဘေးအောက်သို့လွင့်စင်ကျသွားပြီး ပျက်စီးသွားခဲ့သည်။ တစီးမှာ ကားခေါင်းပိုင်းတခုလုံးပျက်ဆီးသွားခဲ့သည်။
နှစ်စီးကို ထိမှန်ကာ တစီးမှာ လမ်းဘေးအောက်သို့လွင့်စင်ကျသွားပြီး ပျက်စီးသွားခဲ့သည်။ တစီးမှာ ကားခေါင်းပိုင်းတခုလုံးပျက်ဆီးသွားခဲ့သည်။
ယခုနေ့လည် ၁၃း၀၀ နာရီချိန်တွင်လည်း ငေါ့ခိုက်(ကြူဆိုင်း) ရွာ၏ အောက်ခက်ပိုင်းတွင် သေနတ်သံများ ကြိုးကြားကြိုးကြား ကြားနေဆဲဖြစ်သည်။
တအန်းမိဘပြည်သူများ၏ တောင်းဆိုချက်အရ တအန်းလူမျိုးများ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်း မှ ပပျောက်သွားအောင် တအန်းဒေသသို့ ကွင်းဆင်းစည်းရုံးဟောပြောနေသည့် တအန်းတပ်မတော်အား အဆက်မပျက် လိုက်လံတိုက်ခိုက် လမ်းကြောင်း ပိတ်ဆို့ နေသဖြင့် တအန်းတပ်မတော်မှ ပျောက်ကျား စစ်ပြန်လည်ဆင်နွဲရခြင်းဖြစ်သည်။


0 မှတ်ချက်များ for "ကျူးကျော်နယ်ချဲ့ တဲ့ ဗမာတပ်မတော်နဲ့ တအန်းတပ်မတော် တိုက်ပွဲဆက်ဖြစ်"