ယူကရိန်းအစိုးရက ရာဇသံပေးတဲ့အချိန်မှာဘဲ မဆန္ဒပြသူတွေက ရဲစခန်းတစ်ခု ထပ်မံတိုက်ခိုက်
ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ ရုရှား လိုလားသူတွေ သိမ်းပိုက်ထားတဲ့ အဆောက်အဦတွေကနေ ထွက် ခွာသွားဖို့ ယူကရိန်းအစိုးရက ရာဇသံပေးထား တဲ့ နောက်ဆုံးအချိန် ကျော်သွားပေမယ့် ဆန္ဒပြ သူတွေက Horlivka မြို့က ရဲစခန်းတစ်ခုကို ချိုးဖျက် ဝင်ရောက်ပြီး ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။
ဗီဒီယို တွေထဲမှာ လက်နက် ကိုင်ထားတဲ့ ဆန္ဒပြသူ လူ တစ်ရာကျော်လောက်က အဆောက်အဦကို တိုက်ခိုက်နေပြီး လူအုပ်စုကြီတစ်စုက ရဲအရာရှိ တစ်ယောက်ကို ရိုက်နှက်နေတာ တွေ့ရပါတယ်။
သိမ်းပိုက်ထားတဲ့ အစိုးရအဆောက်အဦးတွေကနေ ဖယ်ပေးဖို့၊ မဖယ်ရင် အင်အားသုံး ဖယ်ရှားရလိမ့်မယ် လို့ ယူကရိန်းအစိုးရက ရာဇသံ ပေးထားတဲ့ သတ်မှတ်ချိန် ကျော်သွားပေမယ့် တခြား မြို့တွေမှာလည်း လက်နက် ကိုင်ထားသူတွေက အဆောက်အဦ တွေကို ဆက်လက်သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။
Loviansk နဲ့ Donetsk မြို့တွေမှာ အဆောက်အဦးတွေကို သိမ်းထားသူတွေက လက်နက်တွေ ကိုင်ထားပြီး ခုခံဖို့ ပြင်ထားကြတဲ့အတွက် သတိပေးမှုကို လိုက်နာမယ့်အနေအထားမရှိဘူးလို့ သတင်းထောက်တွေ က ပြောပါတယ်။
ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေရီလက်ဗ်ရောဗ်က ယူကရိန်း အရှေ့ပိုင်းမှာ သူတို့ရဲ့ လျို့ ဝှက် ထောက် လှမ်းရေးတွေရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပါတယ်။
0 မှတ်ချက်များ for "ယူကရိန်းအစိုးရက ရာဇသံပေးတဲ့အချိန်မှာဘဲ မဆန္ဒပြသူတွေက ရဲစခန်းတစ်ခု ထပ်မံတိုက်ခိုက်"