မြန်မာအပေါ် လက်နက်ပိတ်ဆို့မှု သက်တမ်း ထပ်တိုးကြောင်း EU ထုတ်ပြန်

KIA ဖမ်းဆီးမိသော ဆွီဒင်ထုတ် တင့်ကားဖျက်လက်နက်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်း လဲ မှုတွေကြောင့် ပိတ်ဆို့ အရေးယူမှုအများစုကို EU က ပြန်လည် ရုပ်သိမ်းခဲ့ပေမဲ့၊ လက်နက် အရောင်း အဝယ်ကိုတော့ နောက်ထပ် တစ်နှစ် ထပ်တိုး လိုက်ကြောင်း မနေ့က ကြေညာ ထုတ်ပြန် လိုက်ပါတယ်။  

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ ( EU )ရဲ့ ပိတ်ဆို့ အရေးယူထားတာတွေကို ၂ဝ၁၅ ခုနှစ် ဧပြီလ ၃ဝ ရက် နေ့ အထိ ထပ်ထိုးလိုက်ကြောင်း ကြေညာ ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

တိုင်းရင်းသားလူမျိုးနည်းစုတွေအပေါ် မြန်မာအစိုးရက ဖိနှိပ်မှုတွေရှိနေသေးကြောင့် မြန်မာအစိုးရနဲ့ လက်နက်အရောင်းအဝယ်တင်ပို့ မှုတွေအပေါ် ဆက်လက် ပိတ်ဆို့ ထားဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကချင်ဒေသတွင် ကျူးကျော် ၀င်ရောက်တိုက်ခိုက်လာတဲ့ မြန်မာအစိုးရ တပ်မတော် ကိုင်ဆောင်တဲ့လက်ကြီးများအနက် ဆွီဒင်ထုတ် တင့်ကားဖျက်လက်နက်ကြီးနှင့် ကျဉ်းအမြောက်အများကို KIA တပ်ဖွဲ့က သိမ်းမိခဲ့တဲ့အတွက် မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူမှု ထိရောက်မှု မရှိခဲ့ကြောင်း ဝေဖန် ထောက်ပြမှုတွေ ပေါ်ထွက်လာပါတယ်။

0 မှတ်ချက်များ for "မြန်မာအပေါ် လက်နက်ပိတ်ဆို့မှု သက်တမ်း ထပ်တိုးကြောင်း EU ထုတ်ပြန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++