ပျို ပျို မေတို့ သတိထားရမယ့် date Rape Drugs များအကြောင်း တစေ့တစောင်း

မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ 

အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုတွေကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။

အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအး ငြင်းပယ်နိုင် စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည် ကို ပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။ 

ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့်အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။
 
Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ 
- GHB (Gamma Hydroxybutyric Acid) 
- Rohypnol (Flunitrazepam) 
- Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။
 
ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။ အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေ မသောက်ပါနှင့်။
 
Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံးသည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။ 

မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြ။ အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။ 

ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။ များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။ အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။
 
ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာပျယ်သွားနိုင်ပါသည်။ Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင် နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ ရှိနိုင်ပါသည်။ 

GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။ တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။

 ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
 
အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက် လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏ အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။
 
 အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်း သွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။ သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။ သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်းမရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါနှင့်။
 
သင်သောက်နေသောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲအိမ်သာသွားလျှင်ပင် ချန်မထား ခဲ့ပါနှင့်။ 
အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့်ချောကလက်ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ 

သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး အများစုသည် သောက်သုံးသည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအ၀အား သင့်လက်မဖြင့်ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ 

ထိုပုလင်းအားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူကမည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။ အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။
 
အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။ 

လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။
 
သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည် အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။
 
သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များအားမှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့် မည်သည့်အချိန်တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။
 
(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။___source . collegesafe.com
 
အဆိုပါ drugs များအကြောင်း အသေးစိတ်ကိုwww.collegesafe.com မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

0 မှတ်ချက်များ for "ပျို ပျို မေတို့ သတိထားရမယ့် date Rape Drugs များအကြောင်း တစေ့တစောင်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++