ပါလက်စတိုင်း ဂျနီဗာကွန်ဗန်းရှင်း လက်မှတ်ထိုးနိုင်ပြီ

ပါလက်စတိုင်း က ဂျနီဗာကွန်ဗန်းရှင်းကို လက်မှတ် ထိုးတဲ့ကိစ္စဟာ အခုလောလောဆယ် အစ္စရေးနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပစ်ပယ်တဲ့ သဘောမသက်ရောက်ပါဘူး လို့ ပါလက်စတိုင်း ညှိနှိုင်းရေးမှူး ဆက်ဘ် အီရီကက် က ပြောပါတယ်။


ပါလက်စတိုင်းကို ဂျနီဗာကွန်ဗန်းရှင်း လက်မှတ် ထိုးခွင့် ပေးတဲ့ ကိစ္စ အပေါ် အစ္စရေးက အပြင်းအထန် ကန့်ကွက်ထားပြီး စီးပွားရေးအရ အရေးယူ
ဆောင်ရွက်မှုအသစ်တွေကို လည်း ချမှတ်လိုက်ပါတယ်။


ပါလက်စတိုင်းဟာ ၁၉၈၉ ကတည်းက ဂျနီဗာကွန်ဗန်းရှင်း ကိုလက်မှတ်ထိုးခွင့်တောင်းပေမယ့် နိုင်ငံတခု မဟုတ် တာကြောင့် အရင်က ငြင်းပယ်ခံခဲ့ရပါတယ်။


၂၀၁၂ မှာတော့ သူ့ကို ကုလသမဂ္ဂအထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံမဟုတ် သော လေ့လာသူ နိုင်ငံ အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဘီဘီစီ

0 မှတ်ချက်များ for "ပါလက်စတိုင်း ဂျနီဗာကွန်ဗန်းရှင်း လက်မှတ်ထိုးနိုင်ပြီ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++