ကာကွယ်ရေးဆိုင်ရာ သဘောတူချက် အမေရိကန်နှင့် ဖိလစ်ပိုင်း လက်မှတ်ထိုး
အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးလိုက်ပြီး နာရီပိုင်းအကြာမှာ သမ္မတအိုဘားမားက ဒါဟာ တရုတ်ကို တန်ပြန် ထိန်းချုပ် ဟန့်တားဖို့ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။
အဲဒီ သဘောတူညီချက်အရ အမေရိကန် တပ်ဖွဲ့တွေဟာ ဖိလစ်ပိုင် စစ်စခန်းတွေကို ဝင်ထွက်ခွင့် ရမှာ ဖြစ်သလို အမေရိကန် တပ်ဖွဲ့တွေ လေယာဉ်တွေနဲ့ စစ်သင်္ဘာတွေဟာလည်း ဖိလစ်ပိုင်နိုင်ငံတဝန်းမှာ ပိုမို လှည့်လည်သွားလာခွင့်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အခုလိုလုပ်ဆောင်တာဟာ ၁၉၉၁ ခုနှစ်တုန်းက အမေရိကန် တပ်ဖွဲ့တွေကို ဖိလစ်ပိုင်က မောင်း ထုတ်ပြီး အမေရိကန်စစ်စခန်းတွေ ပိတ်ပစ်ခံခဲ့ရတာကို ပြန်ပြီး တည်ဆောက်ဖို့ ကြိုးပမ်းတာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။
ဒါဟာ ဖိလစ်ပိုင်နဲ့ တရုတ် အကြား နယ်မြေ အငြင်းပွားမှုကနေ တင်းမာမှုတွေ တိုးလာတာကြောင့် ဖိလစ်ပိုင်ဟာ အမေရိကန်တပ်တွေကို ပြန်ခေါ်တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်သုံးသပ် ထားပါတယ်။

0 မှတ်ချက်များ for "ကာကွယ်ရေးဆိုင်ရာ သဘောတူချက် အမေရိကန်နှင့် ဖိလစ်ပိုင်း လက်မှတ်ထိုး"