ပါကစ္စတန်လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွ အများအပြားသေးဆုံး
အရပ်ဖက်ပစ်မှတ်ပြီး ဗုံးခွဲတိုက်ခိုက်တဲ့ စစ်သွေးကြွ
တွေရဲ့ အခိုင်အမာ ပုန်းအောင်းနေတဲ့နေရာ ခိုင်ဘာဒေကို ဧပြီလ (၂၄)ရက်နေ့မှာ ပါကစ္စတန် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွတပ်ဖွဲ့ ၀င် (၃၇)ယောက် သေဆုံးပြီး (၁၈) ယောက်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ သိရပါတယ်။

ဒီစစ်ဆင်မှု စတင်ချိန်ကတည်းက စစ်သွေးကြွတွေ ရဲ့ ခြေကုပ်စခန်းအတော်များများ တိုက်ဖျက် ချေမှုန်း ခံခဲ့ရတယ်လို့ သိရပါတယ်။
အစ္စလာမ်မာဘတ်မြို့ သစ်သီးဈေးတစ်ခုကို စစ်သွေးကြွတွေရဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူအမြောက် အမြား သေဆုံးခဲ့လို့ စစ်သွေးကြွတွေ ပုန်းအောင်းနေတဲ့ နေရာဒေသတွေကို တိုက်လေယာဉ်တွေနဲ့ အခုလို အပြင်အထန် ထိုးစစ်တိုက်ခိုက်ရတာ ဖြစ်တယ်လို့ စင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

0 မှတ်ချက်များ for "ပါကစ္စတန်လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွ အများအပြားသေးဆုံး"