အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း အတွက် ဒီမေလထဲ မှာ ပြန်လည် ညှိနှိုင်းမည်



စာချုပ်မူကြမ်းကို ပူးတွဲရေးဆွဲရေး ဆွေးနွေးပွဲ (ရန်ကုန်)
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ အတွက် မေလ လလယ်လောက်မှာ အစိုးရနဲ့ ဆက်ဆွေးနွေး မယ်လို့ NCCT ထံမှ သိရသည်။

တနိုင်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေတဲ့အချိန်မှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း တို့ဘက်မှာ အစိုးရ တပ်နှင့် ဒေသခံတိုင်းရင်းသားတပ်ဖွဲ့ကြား တိုက်ပွဲ ဆက်ဖြစ်ပွားနေတာကြောင့် မေလ လလယ်ပိုင်း
လောက်မှ အစိုးနဲ့ ပြန်လည်တွေ့ဆုံဆွေးနွေးနိုင်မှာ ဖြစ်ကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။ 

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ပူးတွဲရေးဆွဲနိုင်ဖို့ အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ ကိုယ်စားလှယ်များတို့က ဧပြီလ ၅− ၈ ရက်နေ့ ရန်ကုန်၌ တွေ့ဆုံဆွေးခဲ့ကြပါတယ်။ 

၎င်းဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဘက်က လိုလားတဲ့ ဖက်ဒရယ်အသုံးအနှုန်း၊ ဖက်ဒရယ်တပ်မတော် ဆိုတာတွေကို အစိုးရဘက်က မလိုက်လျောနိုင်ခဲ့သလို အစိုးရဘက်က တိုက်တွန်းတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒေမူဘောင်ထဲသွားဖို့ တိုင်းရင်းသားဘက်က လက်မခံနိုင်ဘဲ ဆက်လက် ညိုနိုင်းဆောင် ရွက်နိုင်ကြရန် ဧပြီလနောက်ဆုံးအပတ်ထဲမှာ ပြန်လည်တွေ့ဆုံဖို့ သဘောတူခဲ့ကြသည်။   

အစိုးရစစ်တပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအာန်း(ပလောင်) TNLA၊ ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSAနှင့်  ရှမ်းပြည်တပ်မတော်(တောင်) RCSS/SSA တို့ထိန်းချုပ် နယ်မြေတွေကို  ထိုးစစ်ဆင်းလာ၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ဘက်မှာ တိုက်ပွဲများ အပြန်အထန် ဆက်လက်ဖြစ်ပွားနေတာကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပြန်လည် သုံးသပ်ရေး NCCT က ဧပြီ ၂၈ နဲ့ ၂၉ ရက်နေ့ထိ  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ 








0 မှတ်ချက်များ for "အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း အတွက် ဒီမေလထဲ မှာ ပြန်လည် ညှိနှိုင်းမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++