လက်ဗွေစနစ်သုံး ATM စနစ်များ ခေတ်စားလာမည်

မြန်မာပြည်မှာ မဟုတ်သေးပါဘူ။ ဂျပန်နိုင်ငံ အခြေ ဆိုက် ဟီတာချီမှ တီထွင် လိုက်တဲ့ နည်းပညာ ဖြစ်ပြီး ပိုလန်နဲ့ ဂျပန်နိုင်ငံက ATM စက်အချို့ မှာပဲ အသုံးပြုနေပါသေးတယ်။

ဒါက အစပိုင်းမို့ပါ။ နောက်ဆိုရင် လက်ဗွေစနစ် ATM စနစ်များ ရေပန်း စားလာမယ်လို့ ခန့်မှန်း ထားကြပါတယ်။ အလုပ်လုပ်ပုံက Pin ကုဒ်နဲ့ မဟုတ်တော့ပါဘူး။ လက်ဗွေလည်း မဟုတ်ပါဘူး။ လက်ထိပ်က သွေးကြောလမ်းကြောင်းကို မှတ်သားထားခြင်း ဖြစ်ပြီး Scan ဖတ်မှ ကဒ်ပွင့်မယ့် စနစ် ဖြစ်ပါတယ်။

ဒီတော့ ဇာတ်လမ်းတွေထဲကလို လက်ဖြတ်ပြီး သယ်လာလို့ ကဒ်ဖွင့်လို့ရမှာ မဟုတ်ပါဘူး။ သွေးစီးနေတဲ့ လက်အရှင်နဲ့မှ ပွင့်မယ်လို့ ဆိုပါတယ်။ လေးစား ဖွယ်ရာ နည်းပညာပါပဲ။ နည်းပညာတိုင်းမှာကတော့ အားနည်းချက် ကိုယ်စီ ရှိစမြဲပါပဲ။ ပေါက်ကရတွေးရရင် လက်လေဖြတ်သွားတာမျိုး၊ လက်က မတော် တဆကြောင့် ပျက်သွားတာမျိုးတို့ဆိုရင် ဘယ့်နှယ့်လုပ် မလဲလို့ လည်း မေးခွန်းထုတ်ကြပါတယ်။

ဒီအတွက် Secondary Security Layer ကို အသုံးပြုလို့ ငွေထုတ်နိုင် ပါသေးတယ်။ ကုဒ်က လူသိရင်သိမယ်။ လက်သွေးကြောကတော့ လူတစ်ဦး နဲ့ တစ်ဦး မတူနိုင်တဲ့ အရာဆိုတော့ လက်ဗေစနစ်သုံး ATM ဟာ
ရေပန်း စားလာ အုံးမယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။ ___Ref: techblog (Aung Khan)

0 မှတ်ချက်များ for "လက်ဗွေစနစ်သုံး ATM စနစ်များ ခေတ်စားလာမည် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++