နေစွမ်းအင် သုံးလေယာဉ် ကမ္ဘာပတ်တော့မည်
နစွမ်းအင်ကိုသုံးပြီး ကမ္ဘာကို လှည့်ပတ် ပျံသန်းနိုင် မယ့် လေယာဉ်တစ်စင်းကို တီထွင် ဖန်တီးလိုက်တဲ့ အကြောင်း ဆွစ်ဇာလန်က လေယာဉ်မှူးတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
သမိုင်းတင်လောက်တဲ့ တီထွင်မှုအဖြစ် Solar Impulse 0.2 လို့ အမည်ရတဲ့ လေယာဉ်ကိုတော့
ရှေ့နှစ်ထဲ ကမ္ဘာကို လှည့်ပတ်မပျံသန်းခင် ကြိုတင် စမ်းသပ်မောင်းနှင်မှုတွေကို ရှေ့လထဲ စတင်မှာပါ။
နေစွမ်းအင် သုံးလေယာဉ်ရဲ့ တောင်ပံအရွယ်အစားကတော့ ခရီးသည်တင် ဂျမ်ဘို ဂျက်လေယာဉ် တစ်စင်းလောက်ရှိပေမဲ့ အလေးချိန် ကတော့ ကားကြီး တစင်းစာလောက်ပဲ ရှိပါတယ်။
ဒါဟာလည်း အလေးချိန်စီးတဲ့ လောက်စာကန်တွေ နေရာမှာ ဘက်ထရီတွေထဲ စုစည်းပေးမယ့် 
နေရောင်ခြည် စွမ်းအင်တွေကို စုပ်ယူနိုင်တဲ့ ဆိုလာပြား ၁သောင်း ၇ ထောင်ကို အစားထိုး တပ်ဆင်ထားတဲ့ အတွက် ဖြစ်ပါတယ်။
ဆွစ်ဇာလန် လေယာဉ်မှူး Andre Borschberg ကတော့ ၅ ၇က် ၅ ညနဲ့ ကမ္ဘာကို ပတ်နိုင်မယ်လို့ မျှော်လင့်
ကြောင်း ပြောပါတယ်။ ဒါပေမယ့် Solar Impulse - 2 လေထဲမှာ ပျံချင်သလောက် ပျံနိုင်တယ်လို့ လည်း
ပြောပါတယ်။
အခုနောက်ဆုံးလေယာဉ်ဟာ လွန်ခဲ့တဲ့ ၅ နှစ် တုန်းက တည်ဆောက်ပြါ် မနှစ်ကပဲ အမေရိကန်ပေါ်ဖြတ်ပြီး ပျံသန်းသွားခဲ့တဲ့ နေစွမ်းအင်သုံး လေယာဉ်ကို အခြေခံ ဆန်းသစ် တီထွင်ထားတာဖြစ်ပါတတယ်။ အေပီ

0 မှတ်ချက်များ for "နေစွမ်းအင် သုံးလေယာဉ် ကမ္ဘာပတ်တော့မည် "