MQ-8C Fire-X မောင်းသူမဲ့ ရဟတ်ဖိုက်တာ

လူမောင်းစရာမလိုပဲ တကယ့် စစ်မြေပြင်မှာ အသုံးပြုနိုင်တဲ့ ဖိုက်တာ ဟက်စကီး ဖြစ်ပါတယ်။ MQ-8C Fire-X လို့အမည်ပေးထားတဲ့ ဟယ်လီကော်ပတာ ဖြစ်ပြီး အမေရိကန်က ထုတ်လုပ်တာ ဖြစ်ပါတယ်။ 
 
လူမလိုဘဲ တိုက်ပွဲမှာ ရေကုန်ရေခန်း တိုက်ခိုက်နိုင် မယ့် ဖိုက်တာ ရဟတ်ယာဉ် ဖြစ် ပါတယ်။

ဒီလိုလေယာဉ်ရလာဖို့အတွက် အမေရိကန် စစ်ဌာန ချုပ်က နှစ်အတော်လေး ကြိုးစားယူရပါတယ်။
မောင်းသူမဲ့ တိုက်လေယာဉ်ထုတ်လုပ်တုန်းက နည်းပညာနဲ့ ကွဲပြားနေပါတယ်။ ဟက်စကီးရဲ့  သွားနှုန်းဟာ တိုက်လေယာဉ် ထက်နှေးတဲ့အတွက် ထိန်းချုပ်ဖို့ က ပိုတောင်ခက်ပါသေးတယ်။

သို့ပေမယ့် မောင်းသူမဲ့ တိုက် ရဟတ်ယာဉ် တစ်စီး ကတော့ ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်း သားသား နားနား ရှိနေပါတယ်။ အင်ဂျင် တစ်လုံးတည်း ပါဝင်ပြီး ဘလိတ်လေးပြားတပ် ပန်ကာကို အသုံးပြု ပါတယ်။

တိုက်ခိုက်ဖို့အတွက် အမြောက်၊ ဒုံးကျည်လက်နက် အစုံအလင် ပါရှိပြီး ရေပေါ်၊ မြေပေါ် စစ်ဆင်ရေး များမှာ
ကောင်းစွာ တာဝန်ထမ်းဆောင် နိုင်မယ်လို့ဆိုပါတယ်။ ရဟတ်ယာဉ် တစ်စီးရဲ့  ဈေးနှုန်း ဘယ်လောက် ရှိမယ်ဆိုတာကို တိတိကျကျ မပြောသေး ပါဘူး။ သို့ပေမယ့် တီထွင်ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၇၁ သန်း မက အကုန်ကျခံထားကြောင်း သိရပါတယ်။ ___Ref: techblog

0 မှတ်ချက်များ for "MQ-8C Fire-X မောင်းသူမဲ့ ရဟတ်ဖိုက်တာ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++