၂ဝ-၃-၂ဝ၁၄ မှ ၂၆-၃-၂ဝ၁၄ ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ဟောစာတမ်း

တနင်္ဂနွေ
အခွင့်အလမ်းကောင်းများ ပွင့်မည်။ ယှဉ်ပြိုင်မှုများ အောင်မြင်မည်။ ဆောင်ရွက်မှုများ အတော်အတန် ခရီးရောက်နေဆဲ တွဲဖက်လုပ်သူများက လမ်းခွဲသွား၍ လုပ်ဆောင်မှု အရှိန် လျော့ကျသွားမည်။ ရပ်တန့်မပစ်ပါနှင့်။ ရောက်ရှိနေသည့် အနေအထားမှ ရဲရဲရှေ့တိုးဆောင် ရွက်သွားပါ။ ဘာသာစကား လေ့လာမှု ကောင်းသည်။ ပညာသင်တန်းကိစ္စ အကျိုးပေးမည်။ ခရီးကိစ္စ ဆောင်ရွက်မှုအဆင်ပြေမည်။
ယတြာ ။ ။ မွေးနေ့တွင် ချိုချဉ် ၁၄ လုံးကို သူငယ်ချင်းများ နှင့် ဝေမျှစားသုံးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
တနင်္လာ
အဘက်ဘက်မှ ကောင်းသောအနေအထား ရှိသည်။ လူမျိုးကွဲ အကျိုးပေးမည်။ ကိုယ် ရေးကိုယ်တာကိစ္စ၊ လုပ်ငန်းကိစ္စများတွင် အဆင်ပြေလင့်ကစား မိသားစုရေးရာပိုင်းတွင် စိတ် အနှောင့်အယှက်များ ဖြစ်တတ်သည်။ မျှမျှတတ ပြောဆိုလုပ်ကိုင်တတ်သည့် အကျင့်စရိုက် အပေါ် ဘက်လိုက်သည်ဟု ယူဆပြောဆိုသူများနှင့် ကြုံရမည်။ အောင်မြင်မှုမှန်သမျှသည် လည်း စိတ်ရှုပ်အနှောင့်အယှက်ကြုံပြီးမှ အဆင်ပြေမည်။
ယတြာ ။ ။ မွေးနေ့တွင် အနှစ်သက်ဆုံး ဃီ တစ်ချပ်ပေါ်တွင် လက်မှတ်ရေးထိုးပြီး သံယောဇဉ်အရှိဆုံးသူကို လက်ဆောင်ပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 

အဂၤါၤ
မိမိထက်ငယ်သောသူများက ဖြစ်စေ၊ ဝါနုသူများကဖြစ်စေ ပမာမခန့်ပြုခြင်း ကြုံမည်။ စီစဉ်ပြီး လုပ်၍မရ။ ကိုယ်စွမ်းကိုယ်စအပေါ် ယုံကြည်မှု လွန်ကဲ၍ ပေါ့ပေါ့တန်တန် လုပ်ကိုင် မိရာမှ အမှားအယွင်း ကြုံမည်။
ကောင်းမယောင်နှင့် ဆိုးသည်။ အကြီးအကဲများကဖြစ်စေ၊ မိမိနှင့် ဆက်ဆံနေသော ပညာရှင်များကဖြစ်စေ ¤င်းတို့အပေါ် အလေးမမူ၊ ဂရုမထား၊ မလေး မစား ပြုရကောင်းလားဟူသော စိတ်ဖြင့် အမျက်သို၊ ထိပ်တိုက်တွေ့ရကိန်း ကြုံမည်။
ယတြာ ။ ။ မွေးနေ့တွင် မိတ်ဆွေများအား ကွတ်ကီး လက်ဆောင်ပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
ဗုဒ္ဓဟူး
ရည်မှန်းထားသည်များ အခက်အခဲကြားမှ တိုး တက်မှုရမည်။ အရာရာ ရိုးရိုးစင်းစင်း လုပ်ပါ။ မလိုအပ်ဘဲ အကျယ်ချဲ့ပြီး လုပ်ကိုင်ခြင်းများ ရှောင်ပါ။ ဆုံးဖြတ်ချက် မှန်မည်။ မိသားစုတွင် နေရာထိုင်ခင်းနှင့် ပတ်သက်သောကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ အပြောင်း အလဲနှင့် ပတ်သက်သောကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။
ယတြာ ။ ။ မွေးနေ့တွင် တောရိုင်း ခြင်္သေ့ထီးတစ်ကောင်၏ ဓာတ်ပုံ (သို့မဟုတ်) ပန်းချီကား ဝန်းကျင်တွင် ချိတ်ဆွဲထားလိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
ရာဟု
ကိုယ့်ကိစ္စထက် တစ်ပါးသူကိစ္စများ၊ အလုပ်ပို ကိစ္စပိုများ ဆက်တိုက်ဆောက်ရွက်နေရ မည်။ ခရီးကိစ္စများ အဆင်ပြေမည်။ ရည်ရွယ်ချက် အနည်းဆုံး နှစ်မျိုးကို တစ်ပြိုင်တည်း အကောင်အထည်ဖော်ရမည်။ တစ်ပါးသူနှင့် ပူးတွဲလုပ်ကိုင်မှုများမှ အကျိုးကောင်းရမည်။ ကြိုတင်စီစဉ်လုပ်ကိုင်ခြင်း အကျိုးမပေး၊ ချက်ချင်းလက်ငင်း ရုတ်တရက် ဆုံးဖြတ်လုပ်ကိုင် သည်များမှ အကျိုးရရှိမည်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ခရမ်းရောင်သစ်ခွ ၃ ပွင့်ကို ကြွေပန်းအိုးဖြူအတွင်း ထည့်၍ အမြင့်တင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
ကြာသပတေး
မိတ်ကောင်း ဆွေကောင်း အထောက်အကူရမည်။ ဆောင်ရွက် လုပ်ကိုင်သမျှ အလုံးစုံ အဆင်ပြေမည်။ ရုပ်ဝတ္ထု မည်မျှပြည့်စုံစေ၊ အလုပ်အကြံအစည် မည်မျှအောင်မြင်စေ၊ အချစ် မေတ္တာရေး အဆင်မပြေ။ အထီးကျန်အနေအထား ဖြစ်မည်။ ပြောင်းလဲခြင်း၊ တိုးတက်ခြင်းနှင့် ကံမြင့်မားခြင်း ရှိမည်။ ကြန့်ကြာပိတ်ဆို့နေသည့် လမ်းကြောင်းများ ပွင့်မည်။ မိသားစု နေအိမ် နေရာ ပြုပြင်ခြင်း၊ ဆေးသုတ်မွမ်းမံခြင်းများ ပြုနိုင်မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ရှေးဟောင်း လေယာဉ်ပျံ ဓာတ်ပုံ၊ ပန်းချီ အိပ်ခန်းနေရာတွင် ကပ်ထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
သောကြာ
နာမည်ဂုဏ်သတင်း ကောင်းခြင်းဖြင့် ကျော်ကြားမည်။ အများသူငါ ဆောင်ရွက်နေသည့် လမ်းရိုး လမ်းဟောင်းများမှ ခွဲထွက်ပြီး အတွေးသစ်၊ အကြံသစ်များနှင့် ဆောင်ရွက်ကာ ထူးထူး ခြားခြား အောင်မြင်မည်။ ကိုယ်တိုင် ရွေးချယ်သည့် လမ်းကြောင်း၊ ဆောင်ရွက်သည့် အကြံ အစည် အလုံးစုံတို့သည် လူအများစုနှင့်မတူ တမူဖြစ်နေလင့်ကစား မိမိအတွင်း စိတ်ဆန္ဒမှ အားကြိုးမာန်တက် လုပ်လိုသောစိတ် ပေါ်ထွန်းနေပါက နောက်တွန့်မနေပါနှင့်။
>>> ယတြာ ။ ။ မွေးနေ့တွင် မိကျောင်းရုပ်ပုံပါသော ပိုက်ဆံအိတ်တစ်ခု ဝယ်ယူသုံးစွဲပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
စနေ
ပြဿနာဟောင်းများ ဖြေရှင်းရမည်။ အနီးကပ်လူ၊ အတွင်းလူ ဒုက္ခပေး၍ စိတ်အနှောင့်အယှက် ဖြစ်တတ် သည်။ အိမ်တွင် ပြောမရ၊ ဆိုမရ ထင်ရာစိုင်းတတ်သူကြောင့် စိတ်ညစ်ရမည်။ ကတိပျက်ပြီး နှောင့်နှေး လင့်ကစား အဆုံးတွင် အဆင်ပြေမည်။ နေရာထိုင်ခင်းကိစ္စ ပြောဆိုမှုများ အောင်မြင်သည်။ ဤကာလ အတွင်း ရရှိထားသည့် အောင်မြင်မှုများသည် ကံ အစွမ်းကြောင့် မဟုတ်။ ဥာဏ်စွမ်းကြောင့် ဖြစ်မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် သက်သတ်လွတ်မုန့်ဟင်းခါးချက်ပြီး ဘူးသီးကြော်နှင့် ဘုရားလှူပါ။

____စံဇာဏီဘို

0 မှတ်ချက်များ for "၂ဝ-၃-၂ဝ၁၄ မှ ၂၆-၃-၂ဝ၁၄ ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ဟောစာတမ်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++