အိပ်ရင်းနဲ့ ကွန်ပြူတာ သုံးချင်သူများအတွက်

အိပ်ရင်းနဲ့တော့ ဘယ်သုံးလို့ရပါ့မလဲ။ လှဲလျောင်းနေ တဲ့ Position ကနေ အသုံးပြုလို့ရမယ်လို့  ဆိုလိုခြင်း
ဖြစ်ပါတယ်။

အောက်ကိုလည်း မကျစေရဘူးလို့ ထုတ်လုပ်သူတို့ က အာမခံထားပါတယ်။ အပူလွန်ကဲမှုကို ကာကွယ်
ပေးဖို့ အတွက်လည်း စားပွဲမှာ ပန်ကာ အဆင်သင့် ပါရှိပြီးသား ဖြစ်ပါတယ်။ အောက်ကို လပ်တော့ မကျနိုင်အောင် လည်း အဆင့်ဆင့် ချည်နှောင်၊ တပ်ဆင်ထားပေးတဲ့အတွက် သုံးနေရင်း နဲ့ အိပ်ပျော် သွားမယ်ဆိုရင်တောင် ရတယ်လို့ ဆို ပါတယ်။

အိပ်နေတဲ့ အနေအထားမှာတင် မကပါဘူး။ ထိုင်နေရင်းနဲ့လည်း စားပွဲတစ်လုံးလို ပြင်လို့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ထိုင်နေရင်းမှ ခါးညေင်းလာလို့ အိပ်ပြီး အသုံးပြုချင်သပဆိုရင် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Position ပြောင်းပေးလိုက်ရုံပဲလို့ ဆိုပါတယ်။

သို့ပေမယ့် လက်တော့ ညောင်းမှာတော့ အမှန်ပါပဲ။ ဥာဏ်ကြီးကြီးနဲ့ ထုတ်လုပ်လိုက်တာကတော့ ဂျပန်နိုင်ငံ မှဖြစ်ပြီး ညလုံးပေါက် Facebook သုံးတဲ့သူများအတွက် အံကိုက်ဖြစ်လောက်မယ်ထင်ပါတယ်။ ___Ref: techblog

0 မှတ်ချက်များ for "အိပ်ရင်းနဲ့ ကွန်ပြူတာ သုံးချင်သူများအတွက် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++