၁၃-၃-၂ဝ၁၄ မှ ၁၉-၃-၂ဝ၁၄ ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ဟောစာတမ်း
တနင်္ဂနွေ
ဆောင်ရွက်မှုမှန်သမျှ အောင်မြင်မည်။ ရည်မှန်းထားသည်များ စနစ်တကျ လုပ်၍ အဆင် ပြေမည်။ ပြောဆို လုပ်ကိုင်မှုမှန်သမျှ ထိထိရောက်ရောက်ရှိမည်။ အမျိုးသမီးမိတ်ဆွေတစ်ဦးထံမှ အထောက်အကူကောင်း ရရှိမည်။ အမှုထမ်းများအဖို့ အကြီးအကဲ အထောက်အကူရခြင်း၊ ဥစ္စာကံ တိုးပွားခြင်း ရှိမည်။ အလုပ်နေရာကောင်းများ ပြောင်းလဲတာဝန်ယူရမည်။
ယတြာ ။ ။ မွေးနေ့တွင် စပါးနှံပုံပန်းချီကား ဝန်းကျင်တွင် ချိတ်ဆွဲထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~

တနလာၤ
ရန်အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်စရာ ပြဿနာနှစ်မျိုး ကြုံမည်။ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခြင်းများ ဖြစ်တတ်သည်။ မိမိအပေါ် အနှောင့်အယှက်ပေးသောသူများ ကြောင့် လုပ်ရေးကိုင်ရေး နှောင့်နှေးမည်။ ငွေကြေးပိုင်းတွင် သတိနှင့် ဆောင်ရွက်ပါ။ အတွက် အချက် မှားတတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် နှာမောင်းမြှောက်နေသော ဆင်ရုပ်ပုံပန်းချီကား မိမိအနီးဝန်းကျင်တွင် ထားပါ။

အင်္ဂါ
အညံ့အဆိုးကင်း၍ အရာရာအဆင်ပြေခြင်း၊ အောင်မြင်တိုးတက်ခြင်းများ ဖြစ်လာမည်။ ငွေရေး၊ ကြေးရေး၊ စီးပွားရေးကိစ္စများတွင် လုပ်သလောက် အောင်မြင်မည်။ မိသားစု အလုပ် စီးပွားကိစ္စများတွင် သစ်လွင်သော တိုးတက်မှုများ ထူးခြားသည့် အခွင့်အရေးသစ်ပေါ်ကာ ကောင်းကျိုးများ ရလာမည်။ အလောတကြီး မလုပ် သင့်သေး။ တွေးဆလုပ်ကိုင်နိုင်ကာမှ တော်ရုံ ကျမည်။ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ စုတ်ရော လာဘ်ပါဝင်သော ကာလ ဖြစ်သည်။
ယတြာ ။ ။ မွေးနေ့တွင် ပိုင်ရှင်မဲ့ ခွေးလေ ခွေးလွင့်များကို အစာကျွေးပါ။

ဗုဒ္ဓဟူး
လုပ်ငန်းနှစ်မျိုး တစ်ပြိုင်တည်း လုပ်ကိုင်ရမည်။ ရပ်တန့်ထားသည်များ၊ ဆိုင်းငံ့ထားသည် များကို ရှေ့ တိုးဆောင်ရွက်နိုင်မည်။ ကာလအတန်ကြာ စိတ်ကူးတွင်သာ ရှိလျက် အထင်အရှား မလုပ်ဖြစ်သေးသည်များ လက်တွေ့ဆောင်ရွက်နိုင်မည်။ လုပ်ငန်းခွင်မှ သူများ နေရာအပြောင်း အလဲ ကြုံမည်။ လက်ခံပါ။ ခရီးသွား ရန် ဆောင်ရွက်မှုများ အထင်အရှား အောင်မြင်မည်။ လက်ခက်သော သူများထံမှ ငွေကြေး ပစ္စည်းများ ပြန်လည် တောင်းခံရရှိမည်။
>>> ယတြာ ။ ။ မွေးနေ့ တွင် နေသာချိန်တွင် အဝါရောင်မျက်နှာသုတ်ပုဝါကို လှန်းပြီး သုံးစွဲပါ။

ရာဟု
တစ်ပါးသူအပေါ် အားကိုးနေခြင်းထက် ကိုယ်တိုင်ကိုယ်ကျ ယုံကြည်မှုအပြည့်နှင့် ဆောင် ရွက်ခြင်း များမှ ကောင်းကျိုးရမည်။ အပျော်အပါးဘက် လျှော့၍ တိုးတက်ရာ၊ တိုးတက်ကြောင်း ကြံစည်ရန် ကာလဖြစ်သည်။ ကိုယ်တိုင် သောက်စားမူးယစ်ခြင်းကိုသာမက သူတစ်ပါးကိုလည်း အားပေး အားမြှောက်ပြုခြင်းများ ရှောင်ပါ။ လာဘ်ပိတ်တတ်သည်။
>>> ယတြာ ။ ။ မွေးနေ့ညနေ ပိုင်းတွင် သုံးထပ်ပြားပေါ်တွင် ပန်းချီကားပုံကို မဂ္ဂဇင်းထဲမှ ဖြတ်စ ကပ်၍ ထောင်ထားပါ။

ကြာသပတေး
ကိုယ်ရေးကိုယ်တာကိစ္စမှန်သမျှ စိတ်အနှောင့်အယှက် ကြုံမည်။ အိမ်တွင်းရေး၌လည်း စိတ်ပူရခြင်း များ ဖြစ်တတ်သည်။ လုပ်ငန်းကိစ္စ ပြောဆိုခြင်း အောင်မြင်မည်။ ငွေကြေးကိစ္စ စကားပြောဆိုခြင်းများ မှန်းသလောက် မပေါက်။ အတတ်ပညာပိုင်းဆိုင်ရာ တိုးတက်မှုများ ရှိမည်။ ကောင်း သတင်းနှင့် ကျော်ကြား မည်။ အပြိုင်အဆိုင် များမည်။ သတိနှင့် လည်းကောင်း၊ သည်းခံမှုနှင့် လည်းကောင်း မိမိကိုယ်မိမိ ထိန်းချုပ်နိုင်လေ အကျိုးရှိလေ ဖြစ်သည်။
>>> ယတြာ ။ ။ မွေးနေ့တွင် အစိမ်းရောင် မြက်ပင်ကို ကတ်ထူပြားပေါ် ကော်နှင့်ကပ်၍ ဓာတ်ပုံဘောင် သွင်း ထောင်ထားပါ။

သောကြာ
မှတ်ပုံတင်၊ လိုင်စင် အစရှိသည့် အလွန်အရေးပါသော စာရွက်စာတမ်းများ ကျပျောက် တတ်သည်။ သတိရှိ ပါ။ ဝတ်ထားသော လက်စွပ်မှ ရတနာကျောက် ထွက်ကျပါက သိရှိသည် နှင့် တစ်ပြိုင်တည်း ခေါင်းလျှော်ခေါင်းဆေးပြုပါ။ ၉ ရက်ဆက်တိုက် ခြေလေးချောင်းသား ရှောင်ပါ။ ထိုသို့ မပြုမိက ဘေးအန္တရာယ်များ ရက်ပိုင်းအတွင်း ဖြစ်ပေါ်မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် မိမိဆံပင် ပုံပြောင်းပါ။

စနေ
လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်စရာများ ဆက်တိုက်ကြုံမည်။ ဖြစ်ပေါ်လာသည့် ရေးရာကိစ္စ အဖြာဖြာ အား ဖြတ်ထိုးဥာဏ်သုံး၍ လုပ်ကိုင်ဖြေရှင်းပါ။ စနစ်တကျ တွက်ဆပြီး လုပ်သော ကိစ္စများမှ အချိန် ကြန့်ကြာခြင်းဖြစ်စေ၊ ကုန်ကျစရိတ် မြင့်မားခြင်းဖြစ်စေ၊ ကြုံ၍ အကျိုးအမြတ် မရသလို ဖြစ်မည်။ စိတ်လိုက်မာန်ပါ အလုပ်ထွက်ရန် လည်းကောင်း၊ အလုပ်ပြောင်းရန်လည်းကောင်း ဆောင်ရွက် ပါက မျောက်သစ်ကိုင်းလွတ်သလို အဖြစ်ကြုံမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ကျောက်စရစ်ခဲသုံးခဲကို ရွှေရောင်သုတ်ပြီး ဆောင်ပါ။

___စံဇာဏီဘို
0 မှတ်ချက်များ for "၁၃-၃-၂ဝ၁၄ မှ ၁၉-၃-၂ဝ၁၄ ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ဟောစာတမ်း"