ပျောက်ဆုံးနေတဲ့ MH370 ရဲ့ အစိတ်အပိုင်း ၃ခုကို တွေ့ ပြီလို့  တရုတ်ဆို
တရုတ်အစိုးရ သိပ္ပံနည်းပညာနဲ့  အမျိုးသား ကာကွယ်ရေးဆိုင်ရာဌာနကြီး၏
အုပ်ချုပ်မှု ဆိုင်ရာ
ကော်မတီ အင်တာနက် စာမျက်နှာမှာ စနေနေ့  နံနက် အရုဏ်ကျင်းချိန်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်း ပိုင်ဘိုးရင်း ၇၇၇ လေယာဉ် ကြီးရဲ့ အပိုင်း အစသုံးခုကို တွေ့ ပြီလို့  ဖော်ပြထား ပါတယ်။
ကော်မတီ အင်တာနက် စာမျက်နှာမှာ စနေနေ့  နံနက် အရုဏ်ကျင်းချိန်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်း ပိုင်ဘိုးရင်း ၇၇၇ လေယာဉ် ကြီးရဲ့ အပိုင်း အစသုံးခုကို တွေ့ ပြီလို့  ဖော်ပြထား ပါတယ်။
သံသယ ဖြစ်ဖွယ်ရှိတဲ့ ဒီအစိတ်အပိုင်း သုံး ခုကို အားကောင်းတဲ့ မှန်ဘီလူးတွေနဲ့  ဆွဲယူ ကြည့်ရှုရာမှာတော့ ပျံသန်းမှု ခရီးစဉ် MH370 ကနေလွင့်ထွက် လာတဲ့ အပိုင်းအစတွေ ဖြစ်ဖွယ် ရှိတယ်လို့  သတင်းထုတ် ပြန်ပါတယ်။
အဲဒီအပိုင်းအစတွေကို တွေ့တဲ့ နေရာကလည်း လေယာဉ်ပျောက်ဆုံး
ဒါမှမဟုတ် ပျက်ကျတယ်လို့  ယူဆရ တဲ့ တောင်တရုတ်ပင်လယ်နဲ့  ထိုင်းပင်လယ်ကွေ့  ဆုံတဲ့နေရာ လတ္တီကျု ၁၀၅.၆၃ အရှေ့
လောင်ဂျီကျုနဲ့  ၆.၇ မြောက်
လတ္တီကျု အီကွေတာအနီးမှာ ဖြစ်ပါတယ်။
အကြီးဆုံးအပိုင်းအစ ကြီးဟာ ၇၂ ပေရှိ ပြီး၊ အသေးဆုံး က ၅၉ ပေရှိကာ လေယာဉ်ကြီးရဲ့ တာင်ပံ
ဖြစ်နိုင် တယ်လို့  ဖော်ပြထားပါတယ်။
ဒီနေ့ ဆိုရင်လေယာဉ်
ပျောက်ဆုံးမှုဟာ ဆဌမမြောက်နေ့  ရောက်ရှိသွား ပြီ ဖြစ်ပေမယ့် သဲလွန်စကို ဘာတစ်ခု
မရရှိသေးဘူးလို့  မလေးရှား အစိုးရက ဒီနေ့  မနက်ပိုင်းမှာ
သတင်းထုတ်ပြန် ထားပါတယ်။
ပျောက်ဆုံးလေယာဉ် နဲ့  ခရီးသည် ၂၃၉ ဦးကို ရှာဖွေရာမှာ နိုင်ငံ ၁၂ နိုင်ငံက သင်္ဘော ၄၂ စီး ရှာဖွေရေး
ရေယာဉ်
၃၉ စီးကို အသုံး ပြု ခဲ့ပါတယ်။
မလေးရှားအစိုးရက ဒီသတင်း နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေမယ့် တရုတ်အစိုးရက ဒီအပိုင်းအစကို တွေ့ ပြီး ငါးရက်ကြာမှ သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။ ___စီအန်အန်
0 မှတ်ချက်များ for "ပျောက်ဆုံးနေတဲ့ MH370 ရဲ့ အစိတ်အပိုင်း ၃ခုကို တွေ့ ပြီလို့  တရုတ်ဆို "