လစ်ဗျားနဲ့ ဆိုက်ပရပ်စ် အစိုးရတောင်းဆို၍ အမေရိကန် က မြောက်ကိုရီးယားသဘောင်္ကို စီးနင်း

လစ်ဗျားအရှေ့ ခြမ်း သူပုန်တွေ ထိန်းချုပ်ရာ ဆိပ်ကမ်း တစ်ခုကနေ ရေနံစိမ်းတွေ တင်ဆောင် ခဲ့တဲ့ မြောက် ကိုရီးယားအလံ လွှင့်ထူထားတဲ့ ရေနံ တင် သင်္ဘော တစ်စင်းကို အမေရိကန်ရေတပ် ကွန်မန်ဒို Navy Seals တွေ ဝင်ရောက် စီးနင်းပြီး သင်္ဘာကို ထိန်းချူပ် လိုက်ပါတယ်။

လစ်ဗျားနဲ့ ဆိုက်ပရပ်စ် အစိုးရတွေရဲ့ တောင်းဆို မှုကြောင့် ခုလို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပြီး ဝင်ရောက် စီးနင်းစဉ်မှာ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်ရဲ့ ပြန်ကြားရေး တာဝန်ခံ ရေတပ်ဗိုလ်ချုပ် John Kirby က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

မောနင်းဂလိုရီ အမည်ရှိတဲ့ အဲဒီ ရေနံတင် သင်္ဘောပေါ်ကို ဆိုက်ပရပ်စ် နိုင်ငံရဲ့ အရှေ့တောင်ဘက် နိုင်ငံ တကာ ရေပိုက်နက်ထဲမှာ တက်ရောက် စီးနင်းခဲ့တာ ဖြစ်ပြီး၊ အခုအခါမှာ လစ်ဗျားနိုင်ငံကို ပြန်လည် ဦးတည် မောင်းနှင်လာပြီ ဖြစ်ပါတယ်။

မောနင်းဂလိုရီဟာ ဒီလ အစောပိုင်း လစ်ဗျား ဆိပ်ကမ်းမှာ ရှိစဉ် လက်နက်ကိုင် လူ ၃ ဦးရဲ့ သိမ်းပိုက်ခဲ့ တာကို ခံထားခဲ့ရတာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "လစ်ဗျားနဲ့ ဆိုက်ပရပ်စ် အစိုးရတောင်းဆို၍ အမေရိကန် က မြောက်ကိုရီးယားသဘောင်္ကို စီးနင်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++