လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အိန္ဒိယ လက်နက်ဝယ်ယူမှု တိုးမြင့်

အိန္ဒိယနိုင်ငံရဲ့ လက်နက်ဝယ်ယူမှုဟာ ကမ္ဘာ့ လက် နက် ဝယ်ယူမှု စုစုပေါင်းရဲ့ ၁၄ % ရှိတာကြောင့် သူ့အနောက်မှာ လိုက်နေတဲ့ တခြားလက်နက်ဝယ်ယူမှု အများဆုံးနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်နဲ့ ပါကစ္စတန် တို့ထက် ဝယ်ယူမှုနှုန်း ၃ ဆ ပိုများတာ လည်း ဖြစ် ပါတယ်။
ယေဘုယျအားဖြင့်တော့ သမားရိုးကျ လက်နက်ဝယ်ယူမှုနှုန်းဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၄ % မြင့် တက်ခဲ့တယ်လို့ SIPRI ရဲ့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာမှာ လက်နက်တင်သွင်းမှုအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လက်နက် ဝယ်ယူမှု ၂ ဆတိုး ဝယ်ယူခဲ့တယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် သုတေသနဌာနက ပြောပါတယ်။
ကမ္ဘာမှာ လက်နက်ရောင်းချမှု အများဆုံး ၅ နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဂျာမနီ၊ တရုတ်နဲ့ ပြင်သစ်နိုင်ငံတို့ ဖြစ်ပါတယ်။
0 မှတ်ချက်များ for "လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အိန္ဒိယ လက်နက်ဝယ်ယူမှု တိုးမြင့်"