ပေါင် တစ်သောာင်း အကုန်အကျခံပြီး ကိုယ့်ကိုယ်ကို Devil အဖြစ်ပြောင်းခဲ့သူ
မျက်ဆံအရုပ်ဆွဲခြင်း ၊ သွားအစွယ်တွေ ၊ တက် တူးတွေနဲ့ ဦးချိုတွေတပ်ဆင်ပြီးတဲ့နောက်မှာ သူ့ကိုယ်သူ မကောင်းဆိုးဝါးတကောင်အဖြစ် အသွင်ပြောင်းခဲ့သူကတော့ အသက် ၄၃ နှစ် အရွယ်ရှိ Diablo Delenfer ပါတဲ့။
သူရဲ့ ဒီခန္ဓာကိုယ်ပြုပြင်မွမ်းမံခြင်းတွေအတွက် ပေါင် တစ်သောင်းလောက်တောင် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
သူပြောင်းလဲထားတာတွေ အကုန်လုံးက အစစ်တွေပါ။ ဦးချိုစိုက်တာ ၊ လျှာကို ခရင်းခွအသွင် နှစ်ပိုင်းခွဲတာ၊ အနီရောင်မျက်ဆံ တက်တူးထိုးတာတွေအပါအ၀င် အားလုံးပေါ့။ ဒီလို “ခန္ဓာကိုယ်ပြုပြင်မွမ်းမံခြင်း” ဆိုတာကို လိုင်စင်ထုတ်မပေးထားတာကြောင့် ခွဲစိတ်မှုအားလုံးကို မေ့ဆေးမပါပဲ ပြုလုပ်ခဲ့ရပါတယ်တဲ့။
နာမည်အရင်းက Gavin Paslow လို့ခေါ်တဲ့ Diablo Delenfer က သူ့မျက်လုံးကို အဖြူကနေ အနီရောင်
ပြောင်းစေမယ့် eyeball tattoo ကိုသုံးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်ကိုယ် ကျွန်တော် ခန္ဓာကိုယ် ပြုပြင် မွမ်းမံသူ အနုပညာသမားတစ်ယောက်လို့ ဖော်ပြချင်ပါတယ်” လို့ဆိုပါတယ်။
“ကျွန်တော်က လူသားတစ်ယောက်ပါ။ ဒါပေမယ့် ခန္ဓာကိုယ်ပြုပြင်မွမ်းမံခြင်းဟာ ကျွန်တော့်ဘ၀ရဲ့ ခရီးရှည်ကြီးတစ်ခုပါပဲ။ ဒါဟာ အနည်းငယ်ထူးဆန်းနေမယ် ၊ သဘာဝတရားကနေ သွေဖယ်နေမှာ ဖြစ်ပေ မယ့် ဒါဟာ ကျွန်တော်ပါပဲ” လို့လည်း ပြောသွားပါသေးတယ်။
သူ့ရဲ့ ပြောင်းလဲမှုအတွက် “Devil Man တစ်ဦးဖြစ်ဖို့ ကျွန်တော်ဘာကြောင့်ရွေးချယ်ခဲ့လဲ ဆိုတော့ အမေရိကန်မှာရော တခြားနေရာတွေမှာပါ အားလုံးက ရှိထားပြီးသားပါ။ ကျွန်တော်က လုံးဝ စေတန် မာရ်နတ်တော့ မဟုတ်ပါဘူး။ ဒါဟာ ပျော်ရွှင်မှု အသေးစားလေးပါပဲ”တဲ့။___ထက်ဆု

0 မှတ်ချက်များ for "ပေါင် တစ်သောာင်း အကုန်အကျခံပြီး ကိုယ့်ကိုယ်ကို Devil အဖြစ်ပြောင်းခဲ့သူ "