ပြန်လည်ဆုံစည်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက် ကို မြောက်ကိုရီးယား လက်ခံ
ကိုရီးယားစစ်ပွဲကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ မှာ ကွဲကွာသွားကြတဲ့
မိသားစုတွေ ပြန်လည် ဆုံစည်းရေးအတွက် ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို
မြောက်ကိုရီးယားက လက်ခံလိုက်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။
အပစ်အခတ်မဲ့ ရွာလေးဖြစ်တဲ့ Pan-mun-jom ရွာမှာ ဗုဒ္ဓဟူးနေ့ ဒါမှမဟုတ် ကြာသပတေးနေ့မှာ ဆွေးနွေးပွဲ ကျင်းပဖို့ မြောက်ကိုရီးယားကို (ဒီကနေ့) တနင်္လာနေ့ကပဲ ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။
ဒီလို မိသားစုတွေ ပြန်လည်ဆုံစည်းပွဲကို အမြန်ဆုံးကျင်းပနိုင်ဖို့ တောင်ကိုရီးယားက လုပ်ဆောင်မယ်လို့ တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Kim Eui-do က ပြောပါတယ်။ မနှစ်ကတော့ ကိုရီးယား ကျွန်းဆွယ်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် ဒီလို ကိုရီးယားနှစ်နိုင်ငံမှာ ကွဲနေတဲ့မိသားစုတွေ ပြန်လည် ဆုံစည်းပွဲ ကျင်းပခါနီးမှ ရက်ကပ်ပြီး မြောက်ကိုရီးယားက ဒီပွဲကို ရုတ်တရက် ဖျက်လိုက်တာပါ။
စစ်ပွဲကြီးပြီးဆုံးတာ မဟုတ်ဘဲ ၁၉၅၃ မှာ အပစ်အခတ်ရပ်စဲလိုက်လို့ ကိုရီးယားစစ်ပွဲကြီး ရပ်သွား ကတည်းက ကိုရီးယားနွယ်ဖွား သန်းပေါင်းများစွာ ကွဲကွာနေကြတာ ဖြစ်ပါတယ်။___ဗွီအိုအေ

0 မှတ်ချက်များ for "ပြန်လည်ဆုံစည်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက် ကို မြောက်ကိုရီးယား လက်ခံ"