မော်စကို အထက်တန်းကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွား

ရုရှား နိုင်ငံ မော်စကိုမြို့ ဆင်ခြေဖုန်းက အထက် တန်းကျောင်း တစ်ကျောင်းမှာ သေနတ် ကိုင်ဆောင် ထားတဲ့ ကျောင်းသားတဦးက ဆရာ တစ်ယောက်နဲ့ ရဲတစ်ယောက်ကို ပစ်သတ်လိုက်ပြီး ကျောင်းသား အယောက် ၂၀ ကိုလည်း ဓားစာခံ အဖြစ် စာသင်ခန်း ထဲ ထည့်ထားခဲ့ပါတယ်။

အခုအချိန်မှာတော့ ရဲတွေက သူ့ကို ဖမ်းဆီးလိုက် နိုင်ပြီး ကျောင်းသား ဓားစာခံတွေကိုလည်း အန္တရာယ် မရှိ ပြန်လွှတ် ပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

သေနတ် ကိုင်ဆောင်ထားတဲ့ ကျောင်းသားက ဘာမှ တောင်းဆိုတာတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့ သောကြာနေ့မှာ ရုရှား ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို ဖွင့်လှစ်မှာဖြစ်လို့ လုံခြုံရေး အထူး ကျပ်မတ်ထားတဲ့ အခုလို အချိန်မျိုးမှာ ဒီ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့တာ ဖြစ် ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "မော်စကို အထက်တန်းကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++