အနာရွတ် မဖြစ်အောင် ကာကွယ်နည်များ

အနာရွတ် တွေက ကြည့်ရ ဆိုးပါတယ်။ အနာရွတ် အသေးဆုံး ဖြစ်အောင် သို့မဟုတ် အနာရွတ် ပျောက်အောင် အောက်ပါအတိုင်း လိုက်နာပါ-

၁။ အနာကို သန့်ရှင်းပါစေ

ကုတ်ခြစ်ဒဏ်ရာ အနာဖြစ်ဖြစ် ချင်းရေ အေးအေး ကို သုံးပြီး အနာ တစ်ဝိုက် ဆေးကြော သန့်စင်ပါ။

၂။ ပတ်တီး ပါးပါးလေး စီးပေးပါ။

အနာကို လေဝင်လေထွက် ကောင်းစေရန်နှင့် အစိုဓာတ် ရှိအောင် ပတ်တီး ပါးပါးပါးသာ အုပ်ပေးပါ။ ကသိ ကအောက် ဖြစ်စေ တတ်တဲ့၊ ဒုက္ခပေး မယ့် အရာများ မထည့်ရ။ မကပ်ရ။

၃။ အနာဖေးကို မခွာပစ်ပါနှင့်။

အနာကျက် ခါနီးလျှင် အနာဖေး တက်လာ ပါလိမ့်မယ်။ ၄င်းကို လက်ယားပြီး မခွာချ လိုက်ပါနှင့်။ အနာဖေး ဆိုတာ အနာကျက်ရန် ခန္ဓာကိုယ်ရဲ့ သဘာဝ တုံ့ပြန်မှု တစ်ခု သာဖြစ်တယ်။ အကယ်၍ အနာ မကျက်မီ သွားခွာချ လိုက်ပါက သွေး စိမ့်တဲ့ နေရာမှ ပိုးဝင်ရောက် နိုင်ပါတယ်။ အနာရွတ်လည်း ပိုကြီးထွား စေနိုင်ပါ တယ်။ ___Health Digest

0 မှတ်ချက်များ for "အနာရွတ် မဖြစ်အောင် ကာကွယ်နည်များ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++