၆၇ ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ဝင်
ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းဌာနချူပ်ရှိရာ လွယ်တိုင်းလျန်းမှာ ၆၇ ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ရှမ်းအမျိုးသားနေ့ အခမ်းအနားကို အခမ်းအနားကို RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ဝင် ရဲဘော် တစ်ထောင် ခန့်က စစ်ရေးပြ ဖွင့်လှစ်ခဲ့ပါတယ်။ 

RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ်က ရှမ်းအမျိုးသားနေ့ရဲ့နောက်ခံသမိုင်းကြောင်းနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရေးကိစ္စတွေကို ရှင်းလင်းပြောဆို သွားခဲ့ပါတယ်။

ရှမ်းပြည်ကို အုပ်ချူပ်ခဲ့တဲ့ စော်ဘွားများကောင်စီနဲ့ ဒီ ရပလ ပြည်သူလူထု ကိုယ်စားလှယ်များစုစည်းပြီး ညီညွတ်ရေး တည်ဆောက်တဲ့ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ RCSS/SSA အပစ်အခတ်ရပ်စဲရေး ပြုလုပ်နေတဲ့ ကြားကာလမှာ ပြည်သူလူထုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ ပြည်တွင်းထဲမှာ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေ ပြည်သူလူထုထဲမှာရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ရရှိပြီးတော့ အနာဂတ်နိုင်ငံရေးကို ကျနော်တို့ ညှိနှိုင်းဆွေးနွေး တိုင်ပင်နိုင်ဖို့အရေးတွေကို ရည်စူးပြီးတော့ ဒီအခမ်းအနားကို ကျင်းပရခြင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။   

ပြည်ထောင်စုထဲမှာ ရသင့်ရထိုက်တဲ့ ကျနော်တို့ အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့၊ တန်တူရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ စသည့်အရေးတွေကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ကျနော်တို့ တောင်းဆိုသွားကြမလဲ၊ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက် သွားကြမလဲဆိုတာတွေ ထည့်သွင်းပြောကြားသွားပါတယ်။  

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် အဖွဲ့အစည်းတွေ  သ၀ဏ်လွှာတွေ ပေးပို့ ခဲ့ကြသလို သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းတို့ကလည်း သ၀ဏ်လွှာ ပေးပို့ကြပါတယ်။ 

အခမ်းအနားကို တိုင်းရင်းသား မဟာမိတ် ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း လူပရိသတ် ၄၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

0 မှတ်ချက်များ for "၆၇ ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++