၃ဝ-၁-၂ဝ၁၄ မှ ၅-၂-၂ဝ၁၄ ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ဟောစာတမ်း
တနင်္ဂနွေ
ငွေရေး၊ ကြေးရေးကိစ္စတွင် အထူးကောင်းသော အနေအထားရှိမည်။ အရပ်တစ်ပါး နိုင်ငံရပ်ခြားနှင့် ဆက်နွယ်သောကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ နေအိမ် (သို့) အလုပ်နေရာ၏ အရှေ့မြောက် အရပ်တွင် ငွေကလပ် (သို့) ကြွေပန်းကန်ပြားအတွင်း ကတ္တီပါစအစိမ်းကို ခင်း၍ ၎င်းအပေါ်တွင် ကျောက်ရိုင်းပွင့် ၈ ပွင့် ထားပါ။ ရေရှည်ထား၍ ရသည်။
>>>ယတြာ ။ ။ မွေးနေ့တွင် အပြာရောင်နှင့် အနီရောင်ပါသော အဝတ်အစားကို ဝတ်ဆင်ပါ။
~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~

တနင်္လာ
ရည်မှန်းချက်သစ်၊ ဦးတည်ချက်သစ်နှင့် ဆောင်ရွက်သည်များမှ တိုးတက်မှုများ ရရှိမည်။ အရှေ့နေထွက်ရာအရပ်ကို မျက်နှာမူ၍ လိုရာဆန္ဒပြုပါ။ နေမင်းထံမှ သန့်စင်သောစွမ်းအားကို ရရှိနိုင်သည်။ အစားအသောက်တို့တွင် အသီးအရွက်တို့ကို အထူးပြုစားသောက်ပါ။ ကျန်းမာရေးတွင် အညံ့များ ကင်းဝေးသွားမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် မီးရထားခေါင်းတွဲပုံပန်းချီအနီးတွင် ထားပါ။

အဂါၤ
အခက်အခဲကြားမှ ယှဉ်ပြိုင်မှုများ တိုးတက်မှု ဆက်တိုင်ဖြစ်ပေါ်လာမည်။ လူမျိုးကွဲအကျိုးပေးမည်။ အတတ်ပညာကို အခြေတည်၍ အဆင့်မြင့်သောဘဝသို့ တိုးတက်မည်။ တစ်ခုထက်မကသော အလုပ်များကို တစ်ပြိုင်နက်တည်း လုပ်ကိုင်၍ အောင်မြင်တိုးတက်မည်။ မိသားစုနှင့် ပတ်သက်သော ကောင်းသတင်း၊ တိုးတက်ခြင်းများ ကြုံမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ဖန်ပုလင်းတစ်ခုထဲမှာ ဓာတ်ပုံထည့်၍ အမြင့်တစ်နေရာတွင် တင်ထားပါ။

ဗုဒ္ဓဟူး
မိတ်ဆွေကောင်းများထံမှ ထူးခြားသော အထောက်အကူများ ရရှိမည်။ ရုတ်တရက် ဆုံးဖြတ်ပြီး ရှေ့တိုး
ဆောင်ရွက်သောကိစ္စများမှ ကြီးမားသော အကျိုးများ ရရှိလာနိုင်သည်။ ကြွေပန်းအိုးတစ်ခုအတွင်း သလင်းကျောက်ဖြုန်းများထည့် ရေဖြည့်ပြီး ဂန္ဓမာအဖြူ (သို့) အဝါသုံးပွင့်ထိုး၍ အမြင့်တစ်နေရာတွင် ထားပါ။ သိသာထင်ရှားစွာ ကံကောင်းခြင်း၊ လာဘ်ပွင့်ခြင်းများ ဖြစ်ပေါ်လာမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ကဗျာစာအုပ်တစ်အုပ်ကို မိတ်ဆွေတစ်ဦးအား လက်ဆောင်ပေးပါ။

ရာဟု
ရုတ်တရက် ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်သောကိစ္စများမှ ကောင်းအကျိုး များ ဖြစ်ပေါ်မည်။ မိသားစုတွင် မူလလုပ်ငန်းနှင့် မတူသော အလုပ်သစ်၊ စီးပွားသစ် များ လုပ်ကိုင်ရန် ကြုံမည်။ နေအိမ်ပြင်ဆင်ခြင်း ကိစ္စများ ဆောင်ရွက်ရလိမ့်မည်။ အလုပ်စားပွဲ (သို့) စာကြည့်စားပွဲပေါ်တွင် ပစ္စည်း ၉ ခုထက်ပို၍ မထားရ။ အလုပ်ကိစ္စများ အလွဲလွဲ အချော်ချော် ဖြစ်တတ်သည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ကောင်းမှုကုသိုလ်တစ်ခု နေ့စဉ်ပြုလုပ်ပါ။

ကြာသပတေး
ထူးခြားသော အပြောင်းအလဲများ ရှိမည်။ အခက်အခဲများကို ကျော်လွှား နိုင်မည်။ မိတ်ကောင်း ဆွေ
ကောင်းများထံမှ ကောင်းသော အထောက်အကူ ရမည်။ မရောက်ဖူးသော အရပ်ဒေသများသို့ သွားရောက် ရခြင်းနှင့် ပြည်ပခရီး ပေါ်ပေါက်ခြင်းတို့ ကြုံမည်။ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ မိသားစုနှင့် ပတ်သက်သည့် ကောင်းသတင်းနှင့် တိုးတက်ခြင်းများ ဖြစ်ပေါ်မည်။ အိုးအိမ်ကိစ္စ၊ နေရာ ထိုင်ခင်းကိစ္စ အတွက် ပြောဆိုဆောင်ရွက်အဆင်ပြေမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ငှက်၏အတောင်ကို ကြိုးနီဖြင့် ချည်၍ အိမ်အဝင် တွင် ချိတ်ဆွဲထားပါ။

သောကြာ
ကာလအတန်ကြာ ခက်ခဲနှောင့်နှေးနေသောကိစ္စများ အဆင်ပြေ ချောမွေ့ သွားမည်။ အရပ်တစ်ပါး လူမျိုးခြားနှင့် ပူးပေါင်းလုပ်သောကိစ္စမှ အဆင့်မြင့် တိုးတက်မှုများ ဖြစ်ပေါ်နိုင်သည်။ နေအိမ် (သို့) အလုပ်နေရာ၏ နေဝင်ရာ အနောက်အရပ်တွင် သလင်းကျောက်တစ်လုံး ချိတ်ဆွဲထားရှိပါ။ နေရောင်နှင့် ထိတွေ့သောနေရာတွင် ထားရှိပေးပါ။ ငွေကြေး၊ အလုပ်ကိစ္စ အဆင်ပြေမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် အစိမ်းနုရောင် မျက်နှာသုတ်ပုဝါ ဝယ်ယူသုံးစွဲပါ။

စနေ
လာဘ်ပွင့်ခြင်း၊ ကံကောင်းခြင်းနှင့် ဥစ္စာတိုးပွားခြင်းတို့ ဖြစ်ထွန်းမည်။ ကာလအတန်ကြာ ရပ်တန့် ထားသောကိစ္စများ အဆင်ပြေမည်။ ခရီးကိစ္စ၊ ပြည် ပနှင့် တိုက်ရိုက်လုပ်သောကိစ္စများ အဆင်ပြေ မည်။ လေတိုက်လျှင် လှုပ်ခတ် သော အသံမြည်သည့် ပြွန်ချောင်း ၆ ခုပါသည့် အရာကို ဧည့်ခန်းနှင့် မီးဖိုခန်း တို့တွင် ချိတ်ထားပါ။ အညံ့များ ပျောက်မည်။
>>> ယတြာ ။ ။ ဘုန်းကြီးကျောင်းတစ် ကျောင်းကို ဆန်၊ ဆီ၊ ဆေးလှူပါ။

0 မှတ်ချက်များ for "၃ဝ-၁-၂ဝ၁၄ မှ ၅-၂-၂ဝ၁၄ ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ဟောစာတမ်း"