အမေရိကန် မောင်းသူမဲ့ယာဉ် သမုဒ္ဒရာထဲ ထိုးကျ

မက္ကဆီကိုနဲ့ နယ်စပ်နားမှာ လုံခြုံရေး စောင့်ကြည့်ဖို့ သုံးနေတဲ့ မောင်းသူမဲ့ တိုက်လေယာဉ် တစ်စင်း ပစ္စဖိတ် သမုဒ္ဒရာထဲ ပျက်ကျသွားပြီးတဲ့နောက် အဲဒီယာဉ်တွေ ၁၀ စင်းလုံး မြေပြင်မှာ ရပ်နား ထားလိုက်ပြီလို့ အမေရိကန် အရာရှိတွေက ပြော ပါတယ်။

လက်နက် တပ်ဆင်ထားခြင်း မရှိတဲ့ မောင်းသူမဲ့
လေယာဉ် တစ်စင်းကို ဒေါ်လာ ၁၂ သန်းလောက် တန်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့ညတုန်းက စက်ချွတ်ယွင်းမှုကြောင့် ဒီယာဉ်ကို ထိန်းချုပ်သူတွေက ပင်လယ်ထဲကို ဆင်းချဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ကင်းလှည့်ပြီး မက္ကဆီကိုက ခိုးဝင်လာသူ
တွေနဲ့ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်မှုတွေကို ထိန်းချုပ်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "အမေရိကန် မောင်းသူမဲ့ယာဉ် သမုဒ္ဒရာထဲ ထိုးကျ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++