ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ဖွဲ့စည်းရန်လိုအပ်ဟု ကယန်းတိုင်းရင်းသားရေးရာ ၀န်ကြီးဆို

တိုင်းရင်းသားရေးရာကိစ္စများ နှင့် တိုင်းရင်းသားဒေ သများ အလိုက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင် ရွက် ရာ၌ သက်ဆိုင်ရာတိုင်း ရင်းသားလူမျိုးများ အလိုက်ရွေးချယ် တာဝန်ပေးအပ်ခြင်း ခံရသော ပြည်နယ်အဆင့် တိုင်းရင်းသားရေး ရာဝန်ကြီးဌာနများရှိနေပါသော် လည်း၊ ထိရောက် စွာဆောင်ရွက် နိုင်မှု အားနည်းနေသေးသည့် အတွက် ပြည်ထောင်စုအဆင့် တိုင်းရင်းသား ရေးရာ ၀န်ကြီးဌာနဖွဲ့စည်း၍ ဘတ်ဂျက်ငွေခွဲဝေမှုဖြင့် တိုင်းရင်း သားရေးရာကိစ်္စများဆောင်ရွက်မှ သာပိုမိုအောင်မြင်အောင်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း ကယန်း တိုင်းရင်းသားရေးဝန်ကြီးဦးလောရင်း ကသုံးသပ်ပြောကြားသွားခဲ့သည်။ 

“တိုင်းရင်းသားရေးရာကိစ္စ တွေဆိုတာအရမ်းကျယ်ပြန့်ပါ တယ်။ ပြောရမယ်ဆိုရင်ဒီတိုင်းရင်း သားရေးရာ ကိစ္စတွေဟာ ဟိုးဗဟို အဆင့်ကစပြိး ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ထိ ကျယ်ပြန့်စွာ ဆောင်ရွက်ရမယ့် ကိစ္စပါဘဲ။ ခု တိုင်းရင်းသားရေးရာကိစ္စတွေ ဆောင်ရွက်ရာမှာ သီးသန့်ဘတ် ဂျက်မရှိတဲ့အခါကြတော့ ထင်သလောက်ခရီးပေါက်အောင် မစွမ်းဆောင်နိုင်ဘူး။ ဆိုလိုချင် တာက ပြည်ထောင်စုအဆင့်တိုင်း ရင်းသားရေးရာဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းဖို့လိုတယ်။ သူရဲ့အောက် မှာ သက်ဆိုင်ရာဦးစီးဌာနတွေ ထားရှိ ရမယ်။ ပြီးတော့ အဲဒီ ပြည်ထောင်စုအဆင့်တိုင်းရင်းသား ရေးရာဝန်ကြီးဌာနကနေလွှတ်တော် ကိုတင်ပြမယ့် ဘတ်ဂျက်ကနေ ပြီးတော့ သက်ဆိုင်ရာတိုင်းရင်း သားဒေသတွေဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးတွေက နေပြီးတော့ ဦးဆောင်ပြီး ဆောင်ရွက်နိုင်မယ်။ (ဒီအတွက် တိုင်းရင်းသားရေးရာဝန်ကြီးတွေ ကနေပြီးတော့ ဦးဆောင်ပြီးဆောင် ရွက်နိုင်မယ်။) ဒီအတွက် တိုင်းရင်း သားရေးရာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အဆင့်ဝန်ကြီးဌာန ဖွဲ့စည်းဖို့လိုအပ်တယ်လို့ဆိုလိုခြင်း ဖြစ်ပါတယ်”ဟု ကယန်းတိုင်းရင်း သားရေးရာဝန်ကြီးဦးလောရင်းက Hot News နှင့် တွေ့ဆုံစဉ်ပြော ကြားသွားခဲ့သည်။ 

ယခင်ကလည်းလွှတ်တော်၌ ပြည်ထောင်စုအဆင့်စည်ပင်သာယာ ရေးဝန်ကြီးဌာနဖွဲ့စည်းရန်အဆိုတင် ခဲ့ဖူးသော်လည်း ယင်းအဆိုမှာ ရှုံးနိမ့်ခဲ့ပြီး၊ ယင်းသို့ပြည်ထောင်စု အဆင့်တိုင်းရင်းသားရေးရာဝန်ကြီး ဌာန ဖွဲ့စည်းရန်တောင်းဆိုမှုအား လွှတ်တော်မှလက်ခံစဉ်းစား၍ ပြည်ထောင်စု အဆင့်ဝန်ကြီးဌာနဖွဲ့ ပေးရန် သဘောတူပါကပြည်ထောင် စုဘက်ဂျက်ငွေဖြင့် တိုင်းရင်းသား ရေးရာကိစ်္စများ ပိုမိုဆောင်ရွက် နိုင် မည်ဖြစ်ကြောင်း သိရသည်။___Hot News

0 မှတ်ချက်များ for " ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ဖွဲ့စည်းရန်လိုအပ်ဟု ကယန်းတိုင်းရင်းသားရေးရာ ၀န်ကြီးဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++