တိုင်းရင်းသား၂၃ မျိုးတို့ရဲ့စာ လာမည့် ပညာသင်နှစ်မှာ စတင်သင်ကြားမည်
ပြုစုပြီးဖြစ်သည့် တိုင်းရင်းသား ဘာသာ ၂၃မျိုးကို ၂ဝ၁၄-၂ဝ၁၅ပညာ သင်နှစ်၌
အခြေခံပညာကျောင်းပေါင်း ၇ဝဝဝ ကျော်၌ ကနဦးစတင် သင်ကြား ပေးသွားမည်ဟု
ပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တိုင်းရင်းသားစာပေများကို အခြေ ခံပညာကျောင်းများတွင် သင်ကြားပေး ရန် ၂ဝ၁၂
ခုနှစ်က တောင်းဆိုခဲ့၍ အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပညာရှင် များနှင့်
လတ်တေ လာပြုစုထားမှုကို ပညာရေးဝန်ကြီးဌာနက ၂ဝ၁၄ တွင် သင်ကြားပေးရန် စတင်စီစဉ်လိုက်ခြင်း ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူက GRADE-1 (သူငယ်တန်း)၊ GRADE-2 (ပထမတန်း)နှင့်GRADE -3 (ဒုတိယတန်း)တို့တွင် ထိုတိုင်းရင်း သားဘာသာ ၂၃ မျိုးကို ဆရာ၊ ဆရာမ ၈ဝဝဝ ကျော်က သင်ကြားမည် ဟု ပြောသည်။
”လတ်လောမှာက ၂၃ မျိုးပဲ သင် ကြားမှာပါ။ ကျန်တဲ့တိုင်းရင်းသားဘာ သာစကားတွေကိုတော့ သက်ဆိုင် ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ တွေနဲ့ ချိတ်ဆက် ညှိနှိုင်းပြီး ပြုစုသင် ကြားဖို့လည်း ထပ်လုပ်သွား မယ်”ဟု ၄င်းက ပြောသည်။
လက်ရှိတွင် တိုင်းရင်းသားဘာသာ ၂၃ မျိုးကို သင်ကြားသွားမည့် ကျောင်း သား၊ ကျောင်းသူအရေ အတွက်မှာ ၅ သိန်းကျော်ရှိလိမ့်မည်ဟု ၄င်းထံမှ သိရ သည်။
GRADE-1 တွင် ကျောင်းသား၊ ကျောင်းသူ ၁၉၂၂၁ဝ၊ GRADE-2 တွင် ကျောင်းသား၊ ကျောင်းသူ ၁၇၄၆၈၄ နှင့် GRADE-3 တွင် ကျောင်း သား၊ ကျောင်းသူ ၁၈၅၆၆၁ တို့ကို ကျောင်းပေါင်း ၇၈၉၉တွင် ဆရာ၊ ဆရာမ ၈ဝဝဝ ကျော်က ကျောင်းချိန်ပြင်ပတွင်သင်ကြားကြမည် ဟု ပညာရေး ဝန်ကြီးဌာနမှ ထပ်မံသိရ သည်။
သင်ကြားပေးမည့်တိုင်းရင်းသား ဘာသာ ၂၃ မျိုးထဲမှ သင်ကြားလိုသူ ကိုယ်တိုင် ရွေးချယ်သင်ကြားနိုင်မည် ဟု သိရသည်။___ပေါ်ပြူလာ

0 မှတ်ချက်များ for "တိုင်းရင်းသား၂၃ မျိုးတို့ရဲ့စာ လာမည့် ပညာသင်နှစ်မှာ စတင်သင်ကြားမည်"