တောင်ဆူဒန်မှာ အပစ်ရပ်ရေး သဘောတူ
တောင်ပိုင်းဆူဒန် နိုင်ငံမှာ အစိုးရနဲ့ သူပုန်တွေအကြား အပစ်ရပ်ရေး သဘောတူချက် တရပ်ကို အီသီယိုပီးယား မြို့တော် Addis Ababa မှာ လက်မှတ်ရေးထိုးလိုက်ကြပြီ ဖြစ်ပါတယ်။
အဲဒီ သဘောတူချက်အရ သူပုန်တွေရဲ့ အဓိက တောင်းဆိုချက်တခု ဖြစ်တဲ့ အထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လွှတ်ပေးမယ်လို့ အစောပိုင်း သတင်းတွေက ဆိုပါတယ်။
အဲဒီ သဘောတူချက်ထဲမှာ အပစ်အခတ်ရပ်စဲမှုကို လေ့လာ စောင့်ကြည့်ရေးနဲ့ အတည်ပြုရေးတွေအတွက် လုပ်ထုံးလုပ်နည်း တခုလည်း ပါဝင်တယ်လို့ သိရပါတယ်။
သူပုန်တွေဘက်က စေ့စပ် ညှိနှိုင်းရေးမှူး အကြီးအကဲက ဒီအပစ်ရပ်ရေး သဘောတူချက်ကနေ
ငြိမ်းချမ်းရေး အပြည့်အဝ ရစေမယ့် အခြေအနေတရပ်ကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ပြောပါတယ်။
သမ္မတာ ဆယ်လ်ဗာ ကီယာနဲ့ သူ့ပြိုင်ဘက် ရိယက်ခ် မာချား တို့ကို ထောက်ခံသူတွေအကြား တိုက်ခိုက် မှုတွေ စဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ လကစလို့ တောင်ပိုင်းဆူဒန်မှာ လူထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။__ဘီဘီစီ


0 မှတ်ချက်များ for "တောင်ဆူဒန်မှာ အပစ်ရပ်ရေး သဘောတူ"